ep-5

5.7K 362 10
                                    

မျက်ခုံးဘေး ကွဲသွား သော ဒဏ်ရာ အရှိန်ကြောင့် ဝမ်ရိပေါ်က ညလယ်လောက်ရောက်တော့ အဖျားတက်တော့သည်။ ညနေက အဆောင်ပြန်ရောက်သည့်အချိန် ဆေးပေးခန်းတွင် ဆေးသွားထည့်ပြီး အနာရှိန်သက်သာစေရန် ဆေးပေးခန်းမှဆေးအချို့အားပေးလိုက်သည်။

သို့ပေမယ့် ဒီဆေးတွေဖြင့် မသက်သာသော ဝမ်ရိပေါ်က ကိုယ်အပူတဖြည်းဖြည်းမြင့်တက်လာကာ အဖျားကြီးလာတော့သည်။

ညသန်းခေါင်အချိန်ဖြစ်သည့်အတွက်ကြောင့် အဆောင်အပြင်မထွက်ရ ဆိုသည့်စည်းကမ်းချက်ကြောင့် ဆေးအချို့သွားဝယ်ရန်ပင် အချိန်မရပေ။

ရှောင်းကျန့်က ဝမ်ရိပေါ်အားရေပတ်တိုက်ပေးနေရင်းမှ သက်ပြင်းအခါခါချကာ မည်သို့လုပ်ရမည်ကို စဉ်းစားရကြပ်နေတော့သည်။

''ရိပေါ်...... မင်းအဆင်ပြေရဲ့လား  ရိပေါ် ငါတို့မနက်မိုးလင်းတာနဲ့ ဆေးရုံသွားကြမယ်နော် ''

''ရှောင်း......ရှောင်းကျန့် ''

''အင်း .......ရိပေါ်''

''ငါအရမ်းချမ်းတယ် ရှောင်း...ကျန့် ''

ဝမ်ရိပေါ်၏ ခန္ဓာကိုယ်က အေးစက်လာမှုက ပိုမိုပြင်းထန်လာတော့သည်။ ရှောင်းကျန့် ကအဆောင်မှူးဆီ အကျိုးကြောင်းပြော၍ ရိပေါ်အားဆေးရုံသို့ပို့ဖို့ရန် ဖုန်းဆက်တော့ စက်ပိတ်ထားသည် ဆိုသည့်အသံနှင့် တိုးတော့သည်။

ရှောင်းကျန့်က သူ့ကုတင်ပေါ်ရှိစောင်ကိုပင် ယူ၍ဝမ်ရိပေါ်အား လွှမ်းခြုံပေးထားလိုက်သည်။သို့ပေမယ့် အပူချိန်ကမကျဘဲ အဖျားကပိုကြီးလာတော့တယ်။

ရှောင်းကျန့်က အခန်းထဲလမ်း လျှောက်ကာ ရိပေါ်အတွက် ဘယ်လိုလုပ်ပေးရမည်ကို ခေါင်းကွဲမတတ်စဉ်းစားရခက် နေတော့သည်။

ထိုအချိန်မှာဘဲ အဆောင်ခန်းရဲ့ ဝရံဒါပေါ်သို့
လရောင်က ဖြာကျလာတော့သည်။

ရှောင်းကျန့်က ထိုလရောင်အား ကြည့်လျက်ပင် တစ်ခုခုကို စဉ်းစားမိသွားပြီးနောက် ကုတင်ပေါ်ရှိလှဲလှောင်းနေသော ဝမ်ရိပေါ်အားကြည့်လိုက်သည်။

ဝမ်ရိပေါ်အား ကြည့်ပြီးသည်နှင့်သူသည်လည်းခိုင်မာသော ဆုံးဖြတ်ချက်ကို ချလိုက်တော့သည်။

My roommate is a fox (completed) Where stories live. Discover now