ep-14

3.9K 311 23
                                    

ဝမ်ရိပေါ်က သူရဲ့အပေါ်ထပ်အကျီအားချွတ်ကာ မိုးရေစိုနေသောရှောင်းကျန့်အားဝတ်ပေးလိုက်သည်။သူကိုယ်တိုင်လည်းမိုးရေတွေစိုနေပေမယ့် သူရဲ့အပေါ်ထပ်အကျီအား အရည်ညစ်ကာ ရှောင်းကျန့်မချမ်းစေဖို့အလို့ငှာဝတ်ပေးလိုက်သည်။

''တောင်းပန်ပါတယ် ရိပေါ် ...ငါ ငိုမိလို့...မင်း...မိုးရေတွေစိုကုန်ပြီ ဘယ်လိုလုပ်မလဲ ''

''ဒီလောက်ကတော့ဘာမှမဖြစ်ပါဘူး ကိုကို့ကလေးလေးသာ မငိုတော့ဖို့အရေးကြီးတယ် အခုအဆင်ပြေသွားပြီလား မိုးလည်းစဲသွားပြီဆိုတော့..... ''

''အင်း....အဆင်ပြေသွားပြီ ရိပေါ်''

''လာပြန်ကြရအောင် နေဝင်တော့မယ်....မှောင်ရင်မကောင်းဘူး''

ဝမ်ရိပေါ်က ရှောင်းကျန့်ရဲ့လက်အားဆွဲကာ တောင်အောက်သို့ပြန်ဆင်းလာခဲ့သည်။ တောင်အောက်က ဆိုင်ကယ်ရပ်ထားရာနေရာရောက်တော့ ဝမ်ရိပေါ်က
ဆိုင်ကယ်ပေါ်တက်ပြီးစက်နှိုးလိုက်သည်။သို့ပေမယ့်
ဆိုင်ကယ်ကစက်နှိုးလို့မရတော့ပေ။

''ဘယ်လိုလုပ်ကြမလဲ ကျန့်ကျန့်.... ဆိုင်ကယ်ကစက်နှိုးလို့မရတော့ဘူး မှောင်လည်းမှောင်တော့မယ် ''

''ငါ့......ငါ့ကြောင့်မလား ရိပေါ်... ငါငိုလိုက်လို့ မိုးရွာပြီး အင်ဂျင်ထဲရေဝင်သွားပြီး နိုးမရတာ .......''

''ရှောင်းကျန့်....မင်းအစွမ်းနဲ့ပြန်လုပ်ကြည့်ပါလား ''

''အင်းလုပ်ကြည့်မယ်လေ ''

ရှောင်းကျန့်က သူ့ရဲ့အစွမ်းဖြင့်နိှုးကြည့်သော်လည်း နိုှးမရပေ။မနေ့က အသွင်ပြောင်းလိုက်သည်မို့ဒီနေ့အားအင်ယုတ်လျော့သွားလို့ဖြစ်မည်။

''ရိပေါ်.... မရဘူးဘယ်လိုလုပ်ကြမလဲ လပြည့်ညမရောက်သေးလို့ငါ့အစွမ်းတွေအားနည်းနေတာ မနေ့ကအသွင်ပြောင်းလိုက်ပြီး ဒီနေ့လည်းcctvတွေအစွမ်းနဲ့ပိတ်လိုက်လို့ ထင်တယ် သုံးမရတော့ဘူး
အင့်.....''

ရှောင်းကျန့်ကပြောရင်းဆိုရင်းပင် အသံတိမ်ဝင်သွားသည်။ရှောင်းကျန့် ဝမ်းနည်းသွားသည်နှင့်တစ်ပြိုင်နက် ကောင်းကင်မှာမိုးသားတွေက အုံမှိုင်းလာတော့သည်။

My roommate is a fox (completed) Where stories live. Discover now