extra-13(end)

2.8K 133 18
                                    

''ကောကော..... သားကို စိတ်မဆိုးနဲ့တော့နော်
သား ကောကောရဲ့စကားကိုနားထောင်ပါ့မယ် ''

''ဟွန့် ''

ရှောင်းပေါ်ရဲ့အပြောကို ရိကျန့်က ဂရုမစိုက်သလိုနဲ့ တစ်ဖက်သို့လှည့်ထိုင်လိုက်သည်။

''ေကာကော...... သားလေ မဆိုးတော့ဘူး...
အိမ်စာတွေကိုလည်း ကောကောကိုမရေးခိုင်းတော့ဘူးနော်..... သားကိုအဲ့လိုကြီးစကားမပြောဘဲနဲ့မနေပါနဲ့နော် ''

''တစ်ကယ်လား ရှောင်းပေါ် ''

''အင်း..... ကောကောမကြိုက်တာဘာမှမလုပ်တော့ဘူး ''

''ကတိပေး......''

ရိကျန့်က သူ့ရဲ့လက်သန်းလေးအားထုတ်ကာ ရှောင်းပေါ်ရဲ့လက်သန်းနဲ့ချိတ်ကာ ကတိတောင်းလိုက်သည်။

''ကတိ.....''

ရှောင်းပေါ်ကလည်း ကျိုးနေတဲ့သွားလေးနှစ်ချောင်း
ပေါ်သည်အထိအစွမ်းကုန်ရယ်ပြကာ ကတိပေးလိုက်သည်။

''လိမ္မာတယ်..... နောက်တစ်ခါဆိုရင် ေကာကောက မင်းကိုတစ်ကယ်မခေါ်တော့ဘူး..... အခုတောင် ပါးပါးက မင်းကြောင့်ဘယ်လောက်တောင် စိတ်ပူသွားခဲ့ရလဲ ''

''သားအမှားကိုသိပါပြီ ကောကော....ပါးပါး နဲ့ဒယ်ဒီကိုလည်း စိတ်မကောင်းဖြစ်အောင် လုပ်မိသလိုဖြစ်သွားတယ် ကောကော ''

''နောက်တစ်ခါမဖြစ်စေနဲ့ ရှောင်းပေါ်..... ငါတို့က သာမာန်လူတွေမှမဟုတ်တာ... သူများတွေသိသွားရင် ပါးပါးနဲ့ဒယ်ဒီကိုဘဲ အပြစ်ပြောကြလိမ့်မယ် ''

''အဲ့လိုပြောတဲ့လူတွေကို သားက လိုက်ကိုက်မှာ သားမှာအစွယ်ကြီးကြီးရှိတယ် ''

''ေကာင်ဆိုးလေး..... မင်းက တစ်ကယ့်အဆိုးလေးဘဲ ရှောင်းပေါ်''

''ကောကော ကိုချစ်လို့ဆိုးတာပါ ''

ရိကျန့်က ရှောင်းပေါ်ရဲ့ ခေါင်းလေးအားပွတ်သပ်ပေးလိုက်တော့ ရှောင်းပေါ်ရဲ့ပါးဖောင်းကြီးနှစ်ဖက်က မို့တက်လာတော့သည်။

''ဒေါက် ဒေါက် ''

တံခါးခေါက်သံမြည်လာတာကြောင့် ရှောင်းပေါ်က ရိကျန့်ရဲ့စားပွဲနားမှထကာ တံခါးအားသွားဖွင့်လိုက်သည်။

My roommate is a fox (completed) Where stories live. Discover now