ep-18

3.9K 275 10
                                    

ရှောင်းကျန့်က ဝမ်ရိပေါ်ရဲ့ပါးပြင်အားလက်လေးနှစ်ဖက်ဖြင့် ကိုင်တွယ်လိုက်ပြီး ဝမ်ရိပေါ်ရဲ့ နဖူးပြင်အား သူ့ရဲ့နဖူးလေးဖြင့် ထိစပ်လိုက်သည်။

''တောင်းပန်ပါတယ် ရိပေါ်..... အဲ့တုန်းက ငါ....မင်းကိုမှတ်ဉာဏ်တွေဖျောက်ဖျက်လိုက်မိတာ...''

''ဘာလို့လဲ.... ''

ရှောင်းကျန့်က ဝမ်ရိပေါ်နှင့်နဖူးချင်းထိစပ်နေရာမှခွာလိုက်ကာ ခေါင်းငုံသွားသည်။ လက်သည်းလေးတွေကိုလည်း တစ်ခုနှင့်တစ်ခုကုတ်ခြစ်လို့နေသည်။

''ငါ.... မင်းဆီကို လူသားတစ်ယောက်အဖြစ်နဲ့လာချင်လို့ ဒါပေမယ့် မင်းက ငါ့ကိုမြေခွေးလူသားမှန်းထပ် ပြီး သိသွားခဲ့ပြန်တယ်...''

ဝမ်ရိပေါ်က ရှောင်းကျန့်ရဲ့မေးဖျားလေးအားဆွဲမော့လိုက်ကာ နှုတ်ခမ်းပါးပါးလေးအောက်က မှဲ့နက်လေးအား နမ်းရှိုက်လိုက်သည်။

''ရှောင်းကျန့်.....ငါ့ကိုကြည့် မင်းကမြေခွေးဘဲဖြစ်ဖြစ် လူသားတစ်ယောက်ဘဲဖြစ်ဖြစ် ငါက မင်းနဲ့စပြီး မင်းနဲ့ဘဲ အဆုံးသတ်ချင်တာ..... ''

''ချစ်တယ်.....ရိပေါ်.....
အများကြီးချစ်တယ် ကိုကို''

''ကိုကိုလည်း....မင်းကိုချစ်တယ် ေရှာင်းကျန့်''

ဝမ်ရိပေါ်က ရှောင်းကျန့်ရဲ့နှုတ်ခမ်းပါးလေးအား နမ်းရှိုက်ရန် လုပ်လိုက်သည်။ နှုတ်ခမ်းနှစ်ခုနီးစပ်တော့မည့်အချိန်မှာဘဲ ဝမ်ရိပေါ်ရဲ့ဖုန်းကမြည်လာတော့သည်။

ရှောင်းကျန့်က ဖုန်းမြည်သံကြောင့် ရှက်သွားကာ သူ့ရဲ့လည်းပင်းသွယ်သွယ်လေးအား ပွတ်နေသည်။ဝမ်ရိပေါ်ကလည်း ချောင်းတစ်ချက်ဟန့်ကာ ဖုန်းအားကောက်ကိုင်လိုက်တယ်။

ဖုန်းအားကြည့်လိုက်တော့ ဖုန်းခေါ်သူကJay ဖြစ်နေသည်။ ဖုန်းအား ကိုင်လိုက်ကာ Jay အားဆဲဆိုခြင်းဖြင့်အစပြု၍ပြောလိုက်သည်။

''ဒီဖေ......ဘာလို့အချိန်ကောင်းမှဖုန်းဆက်ရ တာလဲ ''

''မင်းအဆင်ပြေရဲ့လားလို့ဆက်ကြည့်တာပါကွာ''

''အော်....မေးဖော်ရသေးတယ် မား....လာတာမြင်တာနဲ့ပြေးသွားလိုက်တာ ....ကောင်းလိုက်တဲ့သူငယ်ချင်း ''

My roommate is a fox (completed) Where stories live. Discover now