extra-9

2.6K 191 32
                                    

အဝတ်အစားတွေခေါက်ချိုးညီအောင် ခေါက်နေတဲ့လက်သွယ်သွယ်လေးတွေကို ဝမ်ရိပေါ်က ထိုင်ကြည့်နေမိသည်။ သူ့အားညကတည်းကစကားသိပ်မပြောတဲ့ရှောင်းကျန့်က တစ်ခုခုကိုစိတ်ခုနေပုံရတယ်။

ရှောင်းကျန့်က ခေါက်ထားတဲ့ အဝတ် တေွ အားဗီဒိုထဲမှာစနစ်တကျ စီထည့်လိုက်သည်။စီထည့်ပြီး ပြန်လှည့်လိုက်တော့သူ့အားကြည့်နေတဲ့ ရိပေါ်ကိုတွေ့လိုက်ရတယ်။

အကြည့်တို့ဆုံစည်းသွားတော့ ရှောင်းကျန့်ကအောက်နှုတ်ခမ်းပါးလေးအား အသာလေးဖိကိုက်ကာ မျက်နှာအရင်လွှဲလိုက်သည်။ပြီးတော့ စားပွဲပေါ်တင်ထားတဲ့ဖတ်လက်စ စာအုပ်လေးအား ယူကာအခန်းပြင်ထွက်ရန်လုပ်လိုက်သည်။

ရုတ်တရက်နွေးထွေးသွားသော ကျောပြင်ကြောင့်ရှောင်းကျန့်ကိုင်ထားတဲ့ တံခါးလက်ကိုင်လေးကို ဖွင့်ရန် လုပ်နေရာမှရပ်တန့်သွားသည်။

''ကော.....''

သြရှရှထွက်ပေါ်လာတဲ့ အသံက ရှောင်းကျန့်ရဲ့ရင်ကိုအမြင့်ဆုံးထိလှုပ်ခတ်သွားသည်။

ရိပေါ်က သူ့ထက်ခြောက်လကြီးသည့်
ရှောင်းကျန့်ကို တစ်ခါမှကောလို့မခေါ်ခဲ့ဖူးပေ။ဒါပေမယ့် အခုရိပေါ်က သူ့ကိုပထမဆုံးအကြိမ် ​ေကာ လို့ခေါ်ဆိုလိုက်​ခြင်းပေ။

''ကျန့်ကော.....''

''..........''

''ကျန့်ကော အဲ့လိုစကားတစ်ခွန်းမှမပြောဘဲမနေပါနဲ့လား..... ကိုယ်တစ်ကယ်ကိုမခံစားနိုင်လို့ပါ ကောရာ''

''ရိပေါ်.......မင်း ''

ရှောင်းကျန့်ရဲ့ကျောပြင်တစ်လျှောက် ပူနွေးတဲ့မျက်ရည်စီးကြောင်းတို့က စီးကျလာတဲ့အခါမှာ ရှောင်းကျန့်တစ်ဖက်သို့လှည့်ကာ ဝမ်ရိပေါ်ရဲ့မျက်နှာအား လက်နှစ်ဖက်ဖြင့် ပင့်ယူလိုက်သည်။

''ကိုကို.....မင်းက ကလေးလား ငါ တစ်မနက်လေးစကားမပြောမိတာနဲ့ မင်းတစ်ခါမှမခေါ်တဲ့ နာမ်စားတွေခေါ်နေတာ ငိုလည်းငိုတယ် ''

''မင်းက...... ကိုကို့ကို စကားမှမပြောတာ ကျန့်ကျန့်ရ''

''လာ ......ရိပေါ် ဒီမှာထိုင် ငါပြောမယ်''

My roommate is a fox (completed) Where stories live. Discover now