ep-15

3.9K 314 23
                                    

ဝမ်အိမ်တော်ရဲ့ ဧည့်ခန်းမဆောင်တွင် အမျိုးသမီးတစ်ယောက်က ပူးနေအောင်ကပ်လျက်ထိုင်နေသော ကောင်လေးနှစ်ယောက်အား စူးစိုက်ကြည့်နေမိသည်။ သူမ၏သားက အခြားတစ်ယောက်ပေါ် ဒီလောက်ပူးကပ်အောင် နေသည်မှာခပ်ခြားခြားပေ။

ဝမ်သခင်မက ရှေ့ကကောင်ငယ်လေးအားအကဲခတ်လိုက်သည်။ကောင်လေးက သူမ၏သားအရမ်းကပ်နေသည်ကိုနေရခက်နေပုံ။ ပြီးတော့ သူမကို အားတုံအားနာကြည့်လာသည်။

မနေ့က ရိပေါ်၏အဆောင်မှူးက ရိပေါ်အခန်းပြန်မရောက်လာ ဟုဖုန်းဆက်တိုင်တာကြောင့် အစောကြီးကျောင်းသို့သွားလိုက်သည်။ အဆောင်မှူးအားအကျိုးကြောင်းမေးမြန်းကြည့်တော့ ရိပေါ်နှင့်တစ်ခန်းတည်းအတူနေတဲ့ကောင်လေးပါ ပျောက်နေသည်တဲ့။ သူငယ်ချင်းအချင်းချင်း night outထွက်တာဖြစ်လိမ့်မည်ဟု နောက်တစ်ခါဒီလိုမဖြစ်စေရပါဘူး အာမခံပေးခဲ့ရလေသည်။

စိတ်အိုက်စွာဖြင့် ေကျာင်းအဆောင်ဝရံဒါဘက်သို့ထွက်ကာ ကြည့်လိုက်တော့ ဆိုင်ကယ်တစ်စီးက ကျောင်းဆောင်ရှေ့မှာရပ်သွားသည်။ ဆက်ပြီးကြည့်နေမိလိုက်တော့ သူမ၏သား နှင့်ကောင်လေးတစ်ယောက်ဖြစ်နေလေသည်။ အချေစရိုက်ရှိသည့် သူမရဲ့သား က ကောင်လေးအား ဆိုင်ကယ်ဉီးထုပ်ချွတ်ပေးလိုက်ပြီး နဖူးအားကြင်ကြင်နာနာအနမ်းများခြွေချနေတော့ သူမမှာအံ့သြလို့မဆုံးပေ။

သားတော်မောင်ရဲ့ကောင်လေးကိုကြည့်လိုက်တော့ ကလေးကအခုမှ ကျောင်းစတက်သည့် ပထမနှစ်လောက်ပင်ဖြစ်သည်။ သူမရဲ့သား နောက်ဆုံးနှစ်ကျောင်းသားကြီးက မနူးမနပ်နှင့်အခုမှအသက်တောင်ပြည့်မည်လား မပြည့်သေးလားမသိသေးတဲ့
ကလေးလေးအား ကြံရွယ်နေတော့ ဒေါသများထွက်ကာ အဆောင်အောက်ထပ်သို့ဆင်းကာ သားဖြစ်သူအားပါလာသော လက်ကိုင်အိတ်ဖြင့်ရိုက်မိတော့သည်။

''ဝမ်ရိပေါ် !!! မင်း.....အသက်မပြည့်သေးတဲ့ကလေးကိုကြံနေတာလား ''

''အား နာတယ်ဗျ မားမား.....ရှောင်းကျန့်ရား .....ကိုကို့ ကိုကယ်ပါအုန်း ''

''အန်တီ......... ရိပေါ်ကိုမရိုက်ပါနဲ့ဗျ ''

ဘေးနားက ချိုသာသောအသံလေးနားထဲဝင်ရောက်လာတဲ့ အချိန်မှာသူမရဲ့ထပ်ပြီးရိုက်ဖို့ ရွယ်နေသော လက်တို့ကရပ်တန့်သွားသည်။

My roommate is a fox (completed) जहाँ कहानियाँ रहती हैं। अभी खोजें