ep-24

3.7K 262 14
                                    

AN- ဒီ fic က သဘာဝလွန်fic တစ်ခုဖြစ်လို့ နေရာတွေ အချိန်တွေက အပြင်လက်တွေ့နဲ့တစ်သမတ်တည်း ဖြစ်မနေနိုင်ပါဘူး

....................

နောက်ကျောဘက်မှတင်းကြပ်စွာဖက်ထားခံရမှုနှင့်အတူ နိုးထလာရတဲ့ရှောင်းကျန့်က သူ့ကိုဖက်ထားတဲ့လက်ဖဝါး အကြီးကြီးကို အုပ်ကိုင်ကာပြုံးလိုက်သည်။ပြီးတော့ ဖက်ထားသူနှင့်မျက်နှာချင်းဆိုင်လှည့်လိုက်ကာ ဝမ်ရိပေါ်အား သေချာကြည့်နေမိတယ်။

နှာလုံးလုံးလေး၊ နှုတ်ခမ်းထူထူလေး၊ ယောကျာ်းပီသလွန်းတဲ့မေးရိုးထင်းထင်း၊မျက်ခုံးထင်းထင်းကြားကမှဲ့နက်လေးတို့အား ရှောင်းကျန့်သေချာကြည့်နေမိသည်။ ရုတ်တရက်အိပ်နေသောသူက နှုတ်ခမ်းတို့ကတွန့်ချိုးလာပြီး

''ကိုယ်အဲ့လောက်တောင်ချောလား.... ရှောင်း''

''အင်း....ဒီကမ္ဘာမှာ ရိပေါ်အချောဆုံး''

ဝမ်ရိပေါ်ကသူ့အရှေ့က မြေခွေးလေးအားအရမ်းကိုအူယားသွားကာ အတင်းဖျစ်ညစ်လိုက်သည်။

''ရိပေါ် ငါအသက်ရှူကြပ်နေပြီ''

''မင်းက ငါ့ကိုအရမ်းအသည်းယားလာအောင်လုပ်တာကို ရှောင်းရဲ့''

''.............''

''နေရတာအဆင်ပြေရဲ့လား ကျန့်ကျန့်''

''ဝမ်ရိပေါ်...... မင်းနော် ဘာတွေလာမေးနေတာလဲ''

''ကိုကိုက မင်းကိုစိုးရိမ်လို့မေးတာလေ''

''မမေးနဲ့..... ငါ.....ငါရှက်တယ်''

ရှောင်းကျန့်က ရှက်တယ်လို့ပြောပြီးဝမ်ရိပေါ်ရဲ့ရင်ခွင်ကျယ်ကြီးထဲသို့သူ့ရဲ့မျက်နှာအားဖွက်ထားလိုက်သည်။

''မင်းကမြေခွေးဆိုးလေးပါလား ''

''...............''

ထိုအချိန်မှာ အိပ်ရာဘေးနားရှိစားပွဲခုံမှ ဝမ်ရိပေါ်ရဲ့ဖုန်းကမြည်လာသည်။ဝမ်ရိပေါ်က ဖုန်းနံပါတ်အားကြည့်ကာမျက်နှာတည်တင်းသွားကာ  ဖုန်းအား ကိုင်လိုက်သည်။

ဖုန်းတစ်ဖက်မှပြောသံ အားနားထောင်လိုက်ပြီး ရင်ခွင်ထဲမှပြူးကြောင်ကြောင်လေးကြည့်နေတဲ့ရှောင်းကျန့်အား တစ်ချက်ငုံကြည့်ကာ နဖူးပြေပြေလေးအား အနမ်းပေးလိုက်သည်။ပြီးတော့ဖုန်းအားပြန်​ဖြေလိုက်တယ်။

My roommate is a fox (completed) Where stories live. Discover now