ep-12

4.3K 300 21
                                    

ဝမ်ရိပေါ်က ​ဝရံတာဘက်ကိုငေးမောကြည့်နေသော မြေခွေးနီလေးအားကြည့်ကာ သက်ပြင်းချလိုက်သည်။ မြေခွေးလေးက သူ့ လေသံမာသွားတာကြောင့် ဝမ်းနည်းသွားပုံရသည်။ အမြီးကိုးချောင်းပင် မထွက်တော့ဘဲ အမြီးတစ်ချောင်းကိုသာကုပ်၍ တဖက်လှည့်နေသည်။

ဝမ်ရိပေါ်က ေအာ်လိုက်မိတာကို တစ်ကယ်စိတ်မကောင်းဖြစ်သွားပြီး နောက်ထပ်လည်း ရှောင်းကျန့် ဝမ်းနည်းစရာကိစ္စတွေမရှိအောင် ဝမ်ရိပေါ်က ဆုံးဖြတ်ချက်ချလိုက်သည်။ ဝမ်ရိပေါ်က လက်ထဲမှကိုင်ထားသော ဖုန်းမှတစ်ဆင့် contact တစ်ခုအားနှိပ်လိုက်သည်။

''မနက်ဖြန်အချိန်ရလား လင်းမီ တွေ့ကြရအောင် ''

ဝမ်ရိပေါ်စာပို့ပြီးဘယ်လောက်မှမကြာ တစ်ဖက်ကစာပြန်ပို့လာသည်။ တွေ့ဖို့ အတည်ပြုပြီးသည့်နောက်မှာ ဝမ်ရိပေါ်က ရှောင်းကျန့်ဘက်သို့ လှည့်ကြည့်လိုက်တယ်။ အဲ့ဒီအချိန်မှာ မြေခွေးနီလေးက နားရွက်လေးထောင်ကာ ဝမ်ရိ​ေပါ်ဘက်လှည့်ပြီး စပ်စုနေတာကိုတွေ့လိုက်ရတယ်။

သူနဲ့အကြည့်ချင်းဆုံသွားတော့ မြေခွေးလေးက မသိသလိုနှင့်ပင် တစ်ဖက်ပြန်လှည့်သွားသည်။ ဝမ်ရိပေါ်၏ နှုတ်ခမ်းတို့ကတွန့်ချိုးသွားကာ ရယ်သံပင်ထွက်လာတော့သည်။

''ဟက် ''

ဝမ်ရိပေါ်၏ရယ်သံကြားတော့ မြေခွေးလေးက ခေါင်းထောင် ကြည့်ပြီး မျက်စောင်းထိုးလာသည်။
ဝမ်ရိပေါ်က ရှောင်းကျန့်ရှိရာ ဝရံတာဘက်သို့လျှောက်သွားလိုက်ပြီး ရှောင်းကျန့်ဘေးနားကပ်လျက်သွားထိုင်လိုက်သည်။ ကြမ်းပြင်မှာ အိပ်နေသောရှောင်းကျန့်အသေးလေးကြောင့် ဝမ်ရိပေါ်က

''ရှောင်းကျန့်.....ကြမ်းပြင်က နည်းနည်းအေးတယ်လေ မင်းအဲ့လိုပုံစံနဲ့ဘဲနေတော့မှာလား ''

''..............''

ရှောင်းကျန့်က လှည့်ပင်မကြည့်လာခဲ့ပေ။

''ကျန့်ကျန့်.....ကိုကိုခေါ်နေတယ်လေ ''

''...............''

လှည့်ပင်ကြည့်မလာသော ရှောင်းကျန့်ကြောင့် ဝမ်ရိပေါ်က မြေခွေးနီလေးရဲ့ တင်ပါးလုံးလုံးလေးအားသွားရောက်ဆုပ်ကိုင်လိုက်သည်။

My roommate is a fox (completed) Tempat cerita menjadi hidup. Temukan sekarang