extra-8

2.5K 191 18
                                    

ရေနွေးပူပူလေးအား ရေအေးလေးဖြင့်ရောကာ သမအောင်အနေတော် ရောစပ်ပြီးနောက် တဘက်လေးတစ်ထည်ကိုပါယူလိုက်သည်။ bathroom ထဲကထွက်လာခဲ့ပြီးနောက် ခုံပေါ်မှာထိုင်ကာ TV ​ထိုင်ကြည့်​လျက်သီချင်းဆိုနေတဲ့ အိမ်သားလေးဆီယူသွားလိုက်တယ်။

အိမ်သားလေးရဲ့ခြေထောက်နားမှာ ရေနွေးနွေးလေးစပ်ထားတဲ့ ခြေဆေးခွက်လေးအားချလိုက်တော့ ဝမ်ရိပေါ်အား  ပြုံးကြောင်ကြောင်လေးဖြင့်ကြည့်လာသည်။

''ကိုကို.....မင်းဘာလုပ်ပြန်မလို့လဲ''

''မင်း ခြေထောက်တွေအခုတလော ကိုယ်ဝန်ကြောင့်​
ယောင်နေတာလေ...... အဲ့တာ ရေနွေးစပ်ပြီး တဘက်နဲ့အုပ်ပေးရင် သက်သာတယ်ဆိုလို့ ''

''ငါ့ဘာသာလုပ်ပါ့မယ် ကိုကိုကလည်း''

''မရဘူး ကျန့်ကျန့်....ကိုကိုကလုပ်ပေးချင်လို့ပါကွာ''

ဝမ်ရိပေါ်က ရှောင်းကျန့်ရဲ့ဘယ်ခြေထောက်လေးတစ်ဖက်ကို အသာလေးဆွဲယူလိုက်ပြ​ီး ခြေထောက်သွယ်သွယ်လေးကို ရေစပ်ထား တဲ့ဇလုံထဲထည့်စေလိုက်သည်။ခြေသွယ်သွယ်လေး နောက်တစ်ဖက်ကို  လည်းထိုနည်းတူထည့်လိုက်သည်။

ရေနွေးနွေးလေးဖြင့်ခြေထောက်လေးတွေကို စိုစွက်စေကာ အသာလေးနှိပ်နယ်ပေးလိုက်သည်။

''ဒီလိုလုပ်ပေးရင် သက်သာတယ်တဲ့.....''

ဝမ်ရိပေါ်က ရှောင်းကျန့်ကိုမော့ကြည့်ရင်း အပြုံးဖြင့်ပြောလာခဲ့သည်။

''ဘယ်လိုနေလဲ စောစောကထက်သက်သာလား''

''အင်း..... ရိပေါ် နေလို့ကောင်းသွားတယ်''

''ဒီနေ့ကစပြီး ကိုကိုက မင်းအိပ်ယာမဝင်ခင်ဒီလိုနေ့တိုင်းလုပ်ပေးမယ် ရှောင်း''

''မင်း.......အရမ်းကောင်းတယ်ရိပေါ်''

''မင်းမို့လို့ပါ.....ရှောင်းကျန့်''

ဝမ်ရိပေါ်ကသန့်စင်ပြီးသွားတဲ့ ခြေထောက်လေးတွေအား ပါလာတဲ့တဘက်လေးဖြင့်သေချာသုတ်ပေးလိုက်သည်။ ပြီးတော့ သူလည်း ရှောင်းကျန့်ရဲ့ဘေးမှာဝင်ထိုင်လိုက်ကာ ခြေမျက်စိကနေဒူးလောက်အထိ နှိပ်ပေးလိုက်သည်။

My roommate is a fox (completed) Where stories live. Discover now