ep-7

4.8K 376 19
                                    

ကျောင်းပိတ်ရက် ဖြစ်တာကြောင့် ရှောင်းကျန့်က စာတမ်းတစ်ချို့ပြုစုနေသည်။ သူ့အရှေ့တွင်လည်း
ရိပေါ်ပေးထားသော ဒေစီပန်းလေးအား ပုလင်းအခံွလေးတစ်လုံးတွင် ရေအနည်းငယ်ဖြင့် ထိုးစိုက်ထားတယ်။

ရှောင်းကျန့်က စာတမ်းလုပ်နေရင်းမှ ပန်းပွင့်ဆီသို့အကြည့်ရောက်သွားကာ နှစ်ခြိုက်စွာပြုံးလိုက်သည်။

''ဟင်း... ''

ကျယ်လောင်သော သက်ပြင်းချသံကြောင့် ရှောင်းကျန့်က စာအတူလုပ်နေသော ဝမ်ရိပေါ်ဆီသို့အကြည့်ရောက်သွားသည်။ ဝမ်ရိပေါ်က စာကိုအာရုံမစိုက်နိုင်ဘဲ ဖုန်းကြည့်ရင်း သက်ပြင်းတို့အကြိမ်ကြိမ်ချနေတယ်။ ရှောင်းကျန့်က သိလိုစိတ်ကြောင့် ဝမ်ရိပေါ်ရဲ့ဖုန်းအနားအား ကပ်ကြည့်လိုက်တော့ အသစ်ထွက်သော ဆိုင်ကယ်ဉီးထုပ်အား ဝမ်ရိပေါ်က ကြည့်နေခြင်းဖြစ်သည်။

''ရိပေါ်''

''ဟင် ''

''မင်းအဲ့ဉီးထုပ်လိုချင်တာလား ''

ဝမ်ရိပေါ်က ရှောင်းကျန့်စကားကြောင့် ဖုန်းscreen ပေါ်မှ အကြည့်တို့အား ရှောင်းကျန့်ဆီပို့လိုက်သည်။
ပြီးတော့ ရှောင်းကျန့်ကိုပြုံးပြကာ ခေါင်းခါလိုက်တယ်။

''ငါ အမှန်တိုင်းပြောရမလား ရှောင်းကျန့်''

ရှောင်းကျန့်က ကလေးလေးတစ်ယောက်လို
ိုခေါင်းကိုအဆက်မပြတ်ငြိမ့်ပြသည်။ ချစ်ဖွယ်အတိဖြစ်သော ရှောင်းကျန့်ရဲ့အပြုအမူကြောင့် ဝမ်ရိပေါ်က ရှောင်းကျန့်ရဲ့ခေါင်းလေးအား လက်ဖြင့် အသာပုတ်ပေးလိုက်သည်။

''အင်း....ငါလိုချင်တယ် ဒါပေမယ့် ငါ့မှာအဲ့လောက်မရှိဘူးလေ အရင်တစ်ခေါက်က နိုင်လာတဲ့cardထဲက
လည်းကုန်သလောက်ဖြစ်နေပြီ နောက်တော့မှ ဝယ်တော့တာပေါ့''

ဝမ်ရိပေါ်က ဖုန်းအားဘေးတွင်ချလိုက်ကာ စာကိုသာပြန်အာရုံစိုက်နေသည်။ ရှောင်းကျန့်က ဝမ်ရိပေါ်အားမမှိတ်မသုန်ကြည့်ရင်းပင် ဘောပင်ကိုက်နေလိုက်ပြီး တစ်ခုခုကိုစဉ်းစားနေလိုက်တယ်။

နောက်ဆုံးမှာတော့ တစ်ခုခုကိုစဉ်းစားမိသွားကာ ရိပေါ်အားအပြင်သွားရန်အတင်းခေါ်တော့သည်။

My roommate is a fox (completed) Where stories live. Discover now