ep-21

3.5K 262 12
                                    

ေရှာင်းကျန့်က အဆောင်အခန်းငယ်လေးရဲ့နေရာအနှံကို ဝမ်းနည်းခြင်းများစွာဖြင့် ကြည့်နေမိတယ်။ဒီအခန်းလေးထဲမှာ ဆယ်နှစ်နှစ်ကျော်ဝေးကွာခဲ့ရတဲ့ ရိပေါ်နဲ့ပြန်တွေ့ခဲ့သလို ဒီအခန်းငယ်လေးထဲမှာလည်းအမှတ်တရများစွာက ကျန် ရှိနေသည်။  အ ခု​ေတာ့ နောက်ဆုံးနှစ်စာမေးပွဲပြီးသွားလို့ဒီအခန်းလေးကိုခွဲခွာရတော့မှာ မို့ဝမ်းနည်းမှုတို့က ပိုလျှံလာတော့သည်။

ရှောင်းကျန့်က အခန်းငယ်လေးထဲကစာရေးစားပွဲခုံလေးအား လက်လေးနဲ့ထိတွေ့ကာ ပွတ်သပ် လိုက်သည်။ ဒီစားပွဲခုံလေးမှာရိပေါ်နဲ့ စာအတူလုပ်ရင်းကျီစယ်ခဲ့ဖူးခဲ့ကြသည်။ ရှောင်းကျန့်ရဲ့အကြည့်တို့က သေးငယ်သောမီးဖိုခန်းလေးကိုအကြည့်ရောက်သွားတော့ နားရွက်လေးများနီရဲသွားသည်။ မီးဖိုခန်းထဲမှာ အနမ်းများစတင်ခဲ့ပြီး ကုတင်သေးသေးလေးပေါ်ရောက်မှအနမ်းများအဆုံးသတ်ခဲ့ဖူးကြသည်။

ဝရံဒါဘက်မှ ဝင်ရောက်လာတဲ့လေညှင်းလေးအားရှူရှိုက်လိုက်ကာ အခန်းငယ်လေးထဲနောက်ဆုံးအကြိမ်ဝေ့ဝဲကြည့်လိုက်သည်။ရှောင်းကျန့်ရဲ့ နှာသီးဖျားလေးကရဲလာကာ ေအာက်နှုတ်ခမ်းလေးကိုဖိကိုက်ထားမိလိုက်သည်။

ရုတ်တရက်ရှောင်းကျန့် ဆွဲလှည့်ခံလိုက်ရပြီး ကျယ်ဝန်းသောရင်ခွင်ကျယ်ကြီးထဲသို့ ရောက်ရှိသွားသည်။ ရှောင်းကျန့်က ထိုရင်ခွင်ထဲသို့ခေါင်းတိုးဝင်ကာ ကလေးလေးတစ်ယောက်လိုငိုတော့သည်။

''ကိုကို့....ကလေးလေးက အငိုသန်လေးပါလား''

''..............''

''တိတ်ပါတော့ ေခါင်းတွေကိုက်တော့မှာဘဲ ''

''ရိပေါ်....''

ဝမ်ရိပေါ်က ရှောင်းကျန့်ရဲ့မျက်နှာလေးနှစ်ဖက်အားဆွဲယူလိုက်ကာ နဖူးချင်းထိစပ်လိုက်သည်။

''ရှောင်းကျန့်.....မင်းကို ​အရမ်းချစ်တယ် ''

''အင်း  ''

''ဒီအမှတ်တရတွေနဲ့ပြည့်နေတဲ့နေရာကို ငါလည်းမင်းလိုဘဲစွန့်ခွာမသွားချင်ဘူး ဒါပေမယ့် ကိုကိုတို့ရှေ့ဆက်ရဉီးမယ်လေ ရှောင်းကျန့်''

My roommate is a fox (completed) Where stories live. Discover now