ep-22

3.7K 261 29
                                    

ဝမ်အိမ်တော်ရဲ့ ကားထားရာနေရာမှာရပ်သွားသော ကားတစ်စီး။ကားပေါ်မှာဆင်းလာသော သူနှစ်ယောက်အနက်တစ်ယောက်က စိတ်လှုပ်ရှားစွာသက်ပြင်းချလိုက်သည်။

ဝမ်ရိပေါ်က ရှောင်းကျန့်ရဲ့လက်ကလေးအား ကိုင်လိုက်ကာ ေခါင်းလေးအားပုတ်ပေးလိုက်သည်။

''အရမ်းစိတ်လှုပ်ရှားနေတာလား ရှောင်းကျန့်''

''အင်း.... ရိပေါ် အဘိုးကငါ့ကိုသဘောမကျဘူးဆိုရင်ဘယ်လိုလုပ်ကြမလဲဟင် ''

ဝမ်ရိပေါ်က ရှောင်းကျန့်စကားကြောင့် ခဏတာစဉ်းစားသလိုလုပ်လိုက်ပြီး

''အဲ့တာဆို ငါ့ကို မင်းခိုးပြေးလိုက်လေ ေရှာင်းကျန့်''

''ဟင်....တစ်ကယ်ကြီး အဲ့လိုလုပ်ရမှာလား ''

''ဟား ဟား ...ကိုကို့ကို..... အဲ့လောက်တောင်ချစ်တာလား ''

''အင်း....မင်းထင်ထားတာထက် အများကြီးချစ်တယ် ကိုကို ''

ဝမ်ရိပေါ်က ချစ်မဝစွာအသည်းညှာလေးအား ပွေ့ဖက်လိုက်သည်။

''သွားကြရအောင်လေ ရိပေါ် ''

ဝမ်ရိပေါ်က ခေါင်းငြိမ့်ကာ ရှောင်းကျန့်လက်ကိုဆွဲပြီး ဝမ်အိမ်တော်တွင်းသို့ဝင်လာခဲ့လိုက်သည်။
အိမ်ထဲရောက်တော့ ဝမ်သခင်မက သူတို့နှစ်ဉီးအားဆီးကြိုကာပွေ့ဖက်တော့သည်။ အိမ်တော်ထိန်းက ဝမ်ဉက္ကဌကို သွားခေါ်တာကြောင့် ဧည့်ခန်းမှာဘဲစကားပြောပြီး  ထိုင်စောင့်နေလိုက်​ကြ တယ်။

ဝမ်ဉက္ကဌက ဧည့်ခန်းမထဲရောက်လုဆဲဆဲတွင်ကြားလိုက်ရသော ရယ်သံတို့ကြောင့် သူ၏ခြေလှမ်းတို့ရပ်တန့်သွားကာ မကြားရတာကြာပြီဖြစ်တဲ့မြေး နှင့် ချွေးမတို့၏ ရယ်သံတို့အားနားထောင်လိုက်သည်။

သူ အကွယ်တစ်နေရာမှ ချောင်းကြည့်လိုက်တော့ မြေးဖြစ်သူရဲ့အမြဲအေးစက်တဲ့ မျက်နှာကအခုတော့ ရှောင်းကျန့်ဆိုတဲ့ကောင်လေးကြောင့် ချိုမြိန်နေသည်။

''ငါ့မြေးက အချစ်စစ်ကိုတွေ့သွားပြီဘဲ ''

''သခင်လေးရဲ့ ဒီလိုအပြုံးမျိုးကိုမမြင်တွေ့ရတာအတော်ကြာခဲ့ပါပြီ ဉက္ကဌကြီး''

My roommate is a fox (completed) Wo Geschichten leben. Entdecke jetzt