ep-3

6.6K 442 10
                                    

အတန်းဆင်းချိန်ရောက်သည်အထိ ရှောင်းကျန့်က ပြတင်းတံခါးကို မကြာခဏလှည့်လှည့်ကြည့်နေမိသည်။သို့ပေမယ့် မျှော်နေသူက အရိပ်ပင်ပေါ်မလာခဲ့ပေ။ ရှောင်းကျန့်က အတန်းပြီးသွားတော့ အဆောင်ပြန်မည်လုပ်တော့ Jay ကသူပြန်လိုက်ပို့ပေးမည်ဟု ဆိုကာလိုက်ပို့ပေးသည်။

အဆောင်ပြန်ရောက်တော့ ရိပေါ်များပြန်ရောက်နေပြီလားဟု မျှော်လင့်ချက်ဖြင့် တံခါးဖွင့်ကြည့်လိုက်တော့ အခန်းက တိတ်ဆိတ်ငြိမ်သက်နေသည်။

''ရှောင်းကျန့်ရာ.... မင်းကတော့ မနေ့ကမှတွေ့တဲ့လူကို ဘာလို့ဒီလောက်တောင် မျှော်နေမိသွားရတာလဲ
ဆရာတော်က ပြောထားတယ်မလား လူတွေကိုမယုံကြည်နဲ့တဲ့ .....''

ရှောင်းကျန့်က ကိုယ့်ဘာသာ သတိပေးသလိုရေရွက်လျက်  ကိုယ်လက်သန့်စင်ရန် ရေချိုးခန်းတွင်းသို့ ဝင်လာခဲ့သည်။

ရှောင်းကျန့်က သူ့ရဲ့ အကျီ်ကိုချွတ်လိုက်တော့ အနီရောင် ရှိ သော ပုလဲလေးတစ်လုံးကို ကြိုးလေးဖြင့်ဆွဲထားသည်က ပေါ်လာတော့သည်။

ရှောင်းကျန့်က ပုလဲအားကိုင်ကာ ရှေ့တွင်ရှိနေသော မှန်ထဲမှသူ့ရုပ်ပုံကို ကြည့်နေမိတယ်။

''အားကျန့်... အရွယ်ရောက်ပြီဆိုတော့ ကိုယ့်ဘာသာရပ်တည်ရတော့မယ့်အရွယ်ရောက်ပြီ
ဆရာတော်လည်း ဒီထက်ပိုပြီး အားကျန့်ကို မစောင့်ရှောက်ပေးနိုင်တော့ဘူး ဒါကြောင့် ပေကျင်းကိုသွားပါ အဲ့မှာ အားကျန့် အတွက် အလင်းရောင်ရှာတွေ့လိမ့်မယ် ပြီးတော့ ဒီပုလဲဆွဲကြိုးကိုထိန်းသိမ်းထား ဒါကအားကျန့်ရဲ့အစွမ်းတွေကို ထိန်းညှိပေးလိမ့်မယ် လံုးဝ မချွတ်မိစေနဲ့ . . . . .''

ရှောင်းကျန့် က ဆရာတော် စကားအားကြားယောင်ပြီး ပုလဲလုံးလေးအားလက်ဖြင့် အသာထိတွေ့လိုက်သည်။ သေချာကြည့်မည်ဆိုလျှင် ထိုပုလဲလုံး​အနီရောင်လေး သည်မကြာခင်အချိန်က ပန်း​ရောင်လေးသန်းလာခဲ့သည်ကို ရှောင်းကျန့်တစ်ယောက်သတိမပြုမိခဲ့ပေ။

ညဘက်ရောက်သည်အထိ ဝမ်ရိပေါ်က ပေါ်မလာခဲ့ပေ။ ရှောင်းကျန့်လည်း အဆောင်ပြန်ရောက်ကတည်းက စာလုပ်နေခြင်းဖြစ်သဖြင့် ခြေလက်တို့ညောင်းညာလာသည့်အတွက် ကျောင်းထိပ်ရှိ mini market ေလးအားသွားရန် ပြင်ဆင်လိုက်သည်။

My roommate is a fox (completed) Where stories live. Discover now