ep-25 (final)

5.4K 289 24
                                    

အနီရောင်အလင်းစက်တွေက ရှောင်းကျန့်လဲကျနေသော နေရာတစ်ဝိုက်မှာမြောက်များစွာပေါ်ထွက်လာခဲ့သည်။ ထိုအလင်းစက်တို့က ရှောင်းကျန့် ၏ကွဲအက်သွားသောနဖူးကိုပြန်လည်ကုစားပေးကာ အကောင်းပကတိပြန်ဖြစ်သွားသည်။နာကျင်မှုတို့ကတစ်ဖြည်းဖြည်းပျောက်ကွယ်သွားသည်နှင့် ရှောင်းကျန့်၏မျက်ဝန်းတို့က ဖွင့်ဟလာခဲ့သည်။

သို့ပေမယ့်ရှောင်းကျန့်၏ မျက်ဝန်းနှစ်ခုကအရောင်မတူဘဲ ဘယ်ဖက်မျက်ဝန်း ကအပြာရောင်ဖြစ်နေပြီး နောက် ညာဖက်မျက်ဝန်းက အနီရောင်ဖြစ်နေခဲ့သည်။ ရှောင်းကျန့်၏ လက်တို့မှာလည်း သွေးကြောမျှင်တို့မြောက်များစွာပေါ်ထွက်နေကာ လက်သည်းတို့ကသာမာန်ထက်ပင်ရှည်လျားနေခဲ့သည်။

ရှောင်းကျန့်က သူ့ဆွဲကြိုးကိုဖြုတ်ယူသွားသူများအားကြည့်ကာ အပြုံးတစ်ပွင့်ပေါ်လာခဲ့သည်။

''အဟက်.....မင်းတို့ကသေချင်နေတော့လည်း ငရဲပို့ပေးရတာပေါ့''

ရှောင်းကျန့်က လဲကျနေရာမှမတ်တပ်ရာကာ ထိုလူများအားကြည့်လျက်စကားဆိုလိုက်သည်။

''သ......သခင်မလေး ဘယ်လိုလုပ်ကြမလဲ ဒါ......ဒါကြီးကို ''

''ရှောင်း......ရှောင်းကျန့်ကိုသတ် ''

လင်းမီက မခိုင်တော့တဲ့သူမရဲ့ဒူးများကိုထိန်းကာ စောစောကကော်ဖီဆိုင်ထဲမှာကျန်ခဲ့တဲ့သူ့လူတွေအားကားထဲမှ ဖုန်းအားယူကာ သူမဆီလာဖို့
​ေပြာ လိုက်သည်။ ချက်ခြင်းဆိုသလိုရောက်လာကြတဲ့ဘော်ဒီဂတ်4 ယောက်က ရှောင်းကျန့်အားမြင်ကာ တုန်လှုပ်သွားကြသည်။

''နင်တို့ဘာလုပ်နေကြတာလဲ အဲ့မကောင်းဆိုးဝါးကိုသတ်...... ငါအမိန့်ပေးနေတယ်လေ သတ်လိုက်''

''ဟုတ်.....ဟုတ်ကဲ့ သခင်မလေး''

ရှောင်းကျန့်က အေးစက်စွာပြုံးလိုက်ပြီး သူ့ရဲ့နောက်ကျောမှာ ကြီးမားသောမြေခွေးနီ တစ်ကောင်အားဖန်ဆင်းကာ ဟိန်းလိုက်သည်။

ကျယ်လောင်လှသော ဟိန်းသံကြောင့်ရှောင်းကျန့်ရှေ့မှာရှိတဲ့ လူ 7 ယောက်က သူတို့ရဲ့နားစည်တွေအားပိတ်ထားလိုက်ကြသည်။သူတို့ရဲ့ နားစည်တွေကသွေးများပင်ထွက်လာကာ လမ်းမထက်ပင် လွန့်လူးနေကြသည်။

My roommate is a fox (completed) Where stories live. Discover now