ep-16

3.7K 283 8
                                    

လွန်ခဲ့သော 12 နှစ်ခန့်က နွေရာသီမှာ ဝမ်သခင်မနှင့်အတူ သူမရဲ့သားလေး ဝမ်ရိပေါ်တို့က ချုံချင်းမှာရှိတဲ့ ဘုန်းတော်ကြီးကျောင်းတစ်ခုသို့ရောက်လာခဲ့ဲကြသည်။ 8နှစ်ခန့်အရွယ် သားလေးနှင့် ဝမ်သခင်မ ပိုင်ရိဟုန် က သူမရဲ့အမျိုးသား ဝမ်ယွမ်၏
နှစ်ပတ်လည်အတွက် သူမရဲ့ဇာတိမြေရှိ ဤဘုန်းတော်ကြီးမှာ လိုအပ်သည်များကိုလာရောက်လှူဒါန်းခြင်းဖြစ်သည်။

ယောက္ခမဖြစ်သူ ဝမ်ဉက္ကဌ ကြီးက သူမတို့နှင့်အတူလိုက်ပါခဲ့ခြင်းမရှိခဲ့ပေမယ့်
ဝမ်အိမ်တော်ရဲ့ချွေးမနှင့်မြေးအား  စောင့်ရှောက်ဖို့ရန် အိမ်တော်ထိန်းနှင့်အတူသက်တော်စောင့်တစ်ချိို့ထည့်ပေးလိုက်သည်။

ဘုန်းတော်ကြီး ကျောင်းက တောင်ပေါ်မှာရှိသည့်အတွက်ကြောင့် ဝမ်အိမ်တော်ကားလေးကလည်း ကျဉ်းမြောင်းသောတောင်တက်လမ်းမှတစ်ဆင့်တောင်ပေါ်သို့တက်ခဲ့သည်။ ပိုင်ရိဟုန် က သူမရဲ့သားလေးအားကြည့်တော့ မမြင်ဖူးသည့်ပတ်ဝန်းကျင်အသစ်အဆန်းအား ကားပြတင်းပေါက်မှ တစ်ဆင့်လိုက်လံစူးစမ်းနေသည်ကိုတွေ့လိုက်ရသည်။

သူမရဲ့နှုတ်ခမ်းထူထူလေးက ​တွန့်ချိုးသွားကာ သားလေးအား ပြတင်းပေါက်အပြင်သို့ခေါင်းမထွက်ဖို့သတိပေးလိုက်သည်။ အမျိုးသားဖြစ်သူ ဝမ်ယွမ်က သူမရဲ့သားလေး 3နှစ်အရွယ်မှာ မထင်မှတ်ဘဲ နှလုံးရောဂါဖြင့်ဆုံးပါးသွားသည်။ ဖတဆိုးသားလေး ရိပေါ်ကို ပိုပြီးအချစ်ပိုခဲ့ရပေမယ့် ယောက္ခမဖြစ်သူဝမ်ဉက္ကဌ၏ သားလေးအပေါ်စည်းကမ်းတင်းကျပ်မှုကိုတော့ သူမ မလွန်ဆန်နိုင်ခဲ့ပေ။

''မားမား..... သားတို့ဒီမှာဘယ်လောက်ကြာကြာနေမလဲဟင် ''

''အလွန်ဆုံးတစ်ပတ်ပေါ့.... သားရဲ့ ''

''ဟွန့်.....သားကအဲ့လောက်အကြာကြီးမနေချင်ပါဘူး ''

''ဘာလို့လဲ ရိပေါ်''

''သား....ဆိုင်ကယ်တွေအိမ်မှာကျန်ခဲ့တယ် မားမား''

သူမသားအပြောကြောင့် သားလေးရဲ့ခေါင်းအားထိုးဖွလိုက်ကာ ရယ်မောလိုက်သည်။ သူမရဲ့သားက ဆိုင်ကယ်တွေဆို အရမ်းခုံမင် ပေမယ့် အဘိုးဖြစ်သူက သဘောမကျတာကြောင့် အဘိုးဖြစ်သူအလစ်မှာသူ့ရဲ့ဆိုင်ကယ်အသေးလေးအား ခိုးစီးတတ်သည်။
သားရဲ့ ဆိုင်ကယ်အပေါ်ရူးသွပ်မှုက တော်တော်လေးကိုကြီးမားသည်။ အသက်အရွယ်ကြီးရင့်လာတဲ့အခါ သားလေးရဲ့ဝါသာနာက ပျောက်ပျက်မသွားလျှင်တော့ အဘိုးဖြစ်သူနှင့်ထိပ်တိုက်ရင်ဆိုင်ရကိန်းရှိတယ်။

My roommate is a fox (completed) Where stories live. Discover now