extra-5

3K 171 8
                                    

သန့်သန့်လေးရှစ်ချင်သူများ ဒီအပိုင်းကိုမဖတ်ဘဲပြန်လှည့်ကြပါ ⚠

ဝမ်ရိပေါ် ကုတင်ရှိရာဆီလျှောက်သွားလိုက်ပြီး ဗိုက်ပူပူနဲ့မြေခွေးလေး အနားမှာသွားထိုင်လိုက်သည်။သူထိုင်လိုက်တာနဲ့ ကုတင်အောက်ကိုဆင်းပြေးမယ်ကြံနေတဲ့ မြေခွေးနီလေးကြောင့် ဝမ်ရိပေါ်က ထွက်ပြေးလို့မရအောင် ဖက်ထားလိုက်သည်။

''မြေခွေးကြီး ကျန့်ကျန့်က ကိုကို့ကို စိတ်ကောက်နေတာလား ''

''.............''

''ဟင်လို့.......ဟုတ်လား ''

''....ဂီး.....''
(ဘယ်သူက ကောက်နေလို့လဲ)

''ကျန့်ကျန့် ......စောင့်နေမယ်မထင်လို့ ဒီနေ့နောက်ကျသွားတာပါကွာ ဒီလကုန်တာနဲ့ကုမ္ပဏီလည်းမသွားတော့ဘူး ကျန့်ကျန့်ဘေးနားမှာတောက်တဲ့ကြီးလိုကပ်နေတော့မှာ ''

''...............''

မြေခွေးနီလေးက သူ့စကားကြောင့်ရင်ခွင်ထဲမှရုန်းကန်နေတာမှ ငြိမ်ကျသွားသည်။ ပြီးတော့ ဝမ်ရိပေါ်ရဲ့မျက်နှာအား အရည်ရွမ်းလဲ့နေသောမျက်ဝန်းနီနီလေးတို့ဖြင့်ကြည့်လာသည်။

''ငါတို့ကျန့်ကျန့်ရဲ့ မျက်ဝန်းလေးတွေက အရမ်းကိုလှလွန်းတယ် ''

''...............''

ဝမ်ရိပေါ်ရဲ့စကားကြောင့် မြေခွေးနီလေးက ရှက်သွားဟန်ဖြင့် ခေါင်းကိုအောက်ကိုငုံချလိုက်ပြီး အိပ်ယာခင်းကိုလက်ကလေးတစ်ဖက်ဖြင့်ကုတ်နေသည်။

''ကိုကို့ ကလေးလေးရှက်နေတာလား ဒီလို မြေခွေးပုံစံနဲ့ရှက်နေတာကိုပထမဆုံးမြင်ဖူးတာဘဲ ''

''ကိုကို မင်းကိုအသည်းယားလာပြီ ''

မြေခွေးနီလေးက ဝမ်ရိပေါ်ရဲ့ အနားတိုးကပ်သွားပြီး
နားရွက်ဖျားအား လျှာနဲ့ယပ်လိုက်သည်။

ဝမ်ရိပေါ်တစ်ကိုယ်လုံး အထိမခံသလိုတွန့်ခနဲဖြစ်သွားကာ မြေခွေးနီလေးအားကြည့်လိုက်သည်။

''ကိုကို.........''

လူပုံစံမပြောင်းဘဲ ကိုကို လို့ခေါ်လာတဲ့အသံလေးကြောင့် ဝမ်ရိပေါ်အံ့သြသွားသလို သူ့ရှေ့ကကောင်လေးကိုပါ ဖျစ်ညစ်ချင်စိတ်တွေတစ်ဖွားဖွားပေါ်လာခဲ့သည်။

My roommate is a fox (completed) Where stories live. Discover now