ep-13

4.2K 323 12
                                    

''တစ်ကယ်တော့လေ ကျန့်ကျန့်..... ပြသာနာရှာထားတယ် ကိုကို ''

ရှောင်းကျန့်ရဲ့ ပြသာနာရှာထားတယ်ဆိုတဲ့စကားကြောင့် ဝမ်ရိပေါ်ရဲ့မျက်ခုံးတို့ကတွန့်ချိုးသွားသည်။

''မျက်မှောင်ကြီး ကျုတ်မထားပါနဲ့ကိုကိုရဲ့.....လာငါနောက်ကိုလိုက်ခဲ့ ''

ရှောင်းကျန့်က ဝမ်ရိပေါ်ရဲ့လက်အားဆွဲကာ zooရဲ့အနောက်ဘက်ဝင်ပေါက်ရှိရာသို့ခေါ်သွားခဲ့သည်။
ဝမ်ရိပေါ်ကလည်း ဘာတစ်ခွန်းမှထပ်မမေးဘဲရှောင်းကျန့်ခေါ်ရာနောက်အသာတကြည်လိုက်လာခဲ့သည်။

အနောက်ဘက်ဝင်ပေါက်ရဲ့ မြေခွေးလှောင်အိမ်နားရောက်တော့ ရှောင်းကျန့်က ဟိုကြည့်ဒီကြည့်လုပ်ကာ ခြုံအနည်းငယ်ထူတဲ့နေရာဆီ ဆက်ခေါ်သွားသည်။ ပြီးတော့ ဝမ်ရိပေါ်လက်ထဲသို့ လွယ်အိတ်တစ်လုံးအား ထိုးထည့်ပေးလာသည်။

ဝမ်ရိပေါ်က ဘာလဲဟုမေးငေါ့ပြတော့ ရှောင်းကျန့်က လွယ်အိတ်အားဖွင့်ကြည့်ဖို့တိုးညှင်းစွာပြောလာသည်။

ဝမ်ရိပေါ်လွယ်အိတ်အား ဖွင့်ကြည့်လိုက်တော့ အထဲမှာမြေခွေးပေါက်လေးတစ်ကောင် အားမထင်မှတ်ဘဲတွေ့လိုက်ရသည်။

''ရှောင်းကျန့်.... ဒါ...ဒါက မြေခွေးပေါက်လေးမဟုတ်လား ''

''ဟုတ်တယ်လေ ရိပေါ် .....ငါ သူ့ကိုပြန်ပို့ပေးမလို့ သူ့အဖေနဲ့အမေဆီကို ''

''ရှောင်းကျန့်!!!''

''ရှူးတိုးတိုးပြောပါ ရိပေါ်ရဲ့.... လူတွေကြားကုန်တော့မယ် ကိုကိုအော်သံကကျယ်လိုက်တာ ''

ရှောင်းကျန့် ရဲ့ သတိပေးသလိုအပြောကြောင့် ဝမ်ရိပေါ်က ဘာမှမပြောဘဲ ရှောင်းကျန့်ကိုသာ စိုက်ကြည့်နေတော့သည်။

''လာပါ ကိုကိုရဲ့ ငါတို့အမြန်ထွက်ရအောင် zoo ထဲက ......တော်ကြာရိပ်မိသွားမှဖြင့် ''

''ကျန့်ကျန့် ဒါက မဟုတ်သေးဘူးနော် ဒါက zoo အပိုင်မဟုတ်လား ခိုးမှုမြောက်တယ်နော် ''

''လာပါဆို ငါရှင်းပြမယ် အခုလောလောဆယ် ငါအစွမ်းနဲ့ cctvတွေပိတ်ထားတယ် သူတို့ရိပ်မိမှာမဟုတ်ဘူး ''

My roommate is a fox (completed) Where stories live. Discover now