ep-17

3.8K 292 19
                                    

ကျိန်းစပ်နေတဲ့ မျက်လုံးတို့အား ဝမ်ရိပေါ်က ကြိုးစားဖွင့်လိုက်သည့်အခါ သူ့အား ကြည့်နေသော မျက်ဝန်းနီနီလေးတစ်စုံအားတွေ့လိုက်ရသည်။
ထိုမျက်ဝန်းနီလေးနဲ့ကောင်လေး၏ လက်ဖဝါးသေးသေးလေးက ရိပေါ်၏ပါးပြင်အားလာထိတွေ့သည်။
ပြီးတော့ ကောင်လေးကသူ့ရဲ့ပါးပြင်အားသူ့ဘာသာကိုင်ကြည့်ပြီး သက်ပြင်းလေးချကာ ဝမ်ရိပေါ်၏ပါးပြင်မှသူ့လက်ကို ပြန်ခွာလိုက်သည်။

ဝမ်ရိပေါ်ကတော့ မျက်ဝန်းနီနီလေး၏အပြုအမူတို့အား တစ်ခုမကျန်လိုက်ကြည့်နေမိသည်။

''မင်း....ငါ့ကိုကယ်လိုက်တာလား ''

''အင်း ''

ထိုကောင်လေးက ခေါင်းငြိမ့်ပြလာသည်။

''ငါ့ကိုကယ်ပေးလို့ကျေးဇူးတင်ပါတယ် ....မင်းရဲ့မျက်လုံးလေးတွေကချစ်ဖို့ကောင်းတယ်နော် ငါနဲ့လည်းမတူဘူး ''

''ဟင်....''

ကောင်လေးက ထိတ်လန့်သွားပုံရကာ အဲ့အခါကျမှ အနီးနားရှိရေပြင်သို့သွားကာ ရေထဲရှိသူ့ရဲ့ပုံရိပ်အားသွားကြည့်သည်။ ရေအိုင်ထဲရှိသူ့ရဲ့ပုံရိပ်မှာ မျက်လုံးတို့အရောင်ပြောင်းနေသည်ကိုတွေ့တော့
ထိုကောင်လေးက သူ့ရဲ့မျက်လုံးတို့အား ကာကွယ်ရန်ဒူးကွေးကာထိုင်ချပြီး မျက်နှာကိုဒူးပေါ်တင်၍ကွယ်ထားလိုက်သည်။

ရိပေါ်က မတ်တပ်ရပ်ကာ ေကာင်လေးအနားသို့လျှောက်လာခဲ့လိုက်သည်။

''မင်း.... ဘာဖြစ်သွားတာလဲ ဘာလို့လဲနာလို့လားဟင်''

ကောင်လေးက ခေါင်းငုံထားလျက်ခေါင်းခါပြလေသည်။

''ဘာလို့လဲ မင်းမျက်လုံး
နီနီလေးတွေ ငါမြင်သွားမှာစိုးလို့လား ''

''.................''

''ငါ လည်းမင်းလိုမျက်လုံးနီနီလေး လိုချင်တယ်
ဘယ်လိုလုပ်ရမလဲ မင်းသိလား ''

''မလိုချင်နဲ့ မကောင်းဘူး ''

''ဟင်....''

''မျက်လုံးနီတာမကောင်းဘူး မင်းကိုလူတွေကြောက်သွားကြလိမ့်မယ် ''

''အဲ့ဆို ငါမျက်လုံးနီနီတွေမလိုချင်တော့ဘူး မင်းကိုဘဲ ခေါ်ထားတော့မယ် ''

My roommate is a fox (completed) Where stories live. Discover now