( 2 ) U

46.6K 1.5K 47
                                    


" 'နေယံ' ခဏစောင့်နော်...ငါပစ္စည်းဝင်ယူလိုက်ဦးမယ် "

" အင်း.. "

'ဇွဲ' ကားပေါ်ကဆင်းသွားတော့ 'နေယံ' ဘေးပက်ဝန်းကျင်ကိုသာ ငေးကြည့်နေမိသည်။ ယနေ့က တက္ကသိုလ်ကိုသွားကာ ကျောင်းနှင့် ပက်သက်သည့် စာရွက်စာတန်းတွေကို သွားယူကြခြင်းဖြစ်သည်။

' ဇွဲ ' ကလည်း 'နေယံ' နှင့်အတူ ကျောင်းကို
နှစ်နှစ်အောက်ခဲ့သည်။ ' မင်းနဲ့မှ ဘွဲ့တူတူ
ယူမယ် 'ဆိုတဲ့ 'ဇွဲ' က 'နေယံ' နှင့်အတူ US တွင်
ကျောင်းလိုက်တက်မှာဖြစ်သည်။

တက္ကသိုလ်က အပြန် 'ဇွဲ'ကမြို့အစွန်ဘက်က
သူ့အမေ၏အထည်ဆိုင်ခွဲမှာ ပစ္စည်းဝင်ယူ
မည်ဆိုသောကြောင့် သူတို့ဒီကိုရောက်လာခြင်းဖြစ်သည်။

'နေယံ' လိုက်ကြည့်နေတုန်းမှာပင်
သူတို့ကားနှင့် မလှမ်းမကမ်းမှာ ရန်ဖြစ်နေကြသည့် ကလေးလေးယောက်... ကျောင်းစိမ်းကျောင်းဖြူနှင့်ဖြစ်ကာ အရွယ်အားဖြင့် ဆယ်နှစ်ဝန်းကျင်လောက်သာ ရှိဦးမည်ဖြစ်သည်။ 'နေယံ' ကားပေါ်က ဆင်းကာ ထိုနေရာသို့ ဦးတည်လိုက်သည်။

သို့ပေမယ့် သူမရောက်ခင်မှာပင်
ကျောင်းစိမ်း၊ကျောင်းဖြူလေးနှင့် ကောင်လေးတစ်ယောက်က 'ဟိုကလေးတွေ ရန်မဖြစ်ကြနဲ့' ဆိုသည့်အော်သံနှင့်အတူ သူ့ဘေးကနေဖြတ်ပြေးသွားသည်။

တစ်ဖက်က ကျောပိုးလွယ်အိတ်ကို
ကိုင်ထားကာ နောက်တစ်ဖက်က ထမင်းချိုင့်ကို
ကိုင်ထားပြီး ကလေးတွေအနားသို့ရောက်တော့
ထိုပစ္စည်းတို့ကို ဘေးချကာ ကလေးတွေကြား
ဝင်ခွဲနေသည်။ လူကောင်သေးသေးလေးနှင့်
ဝင်ခွဲနေသည့် ထိုကောင်လေးက ကလေးတွေကြားဟိုယိုင်ဒီယိုင်နှင့် လည်ထွက်နေသည်။

'နေယံ' လည်းမနေနိုင်သည့် အဆုံးထိုနေရာသို့သွားကာ ချောင်းဟန့်လိုက်တော့ ရန်ဖြစ်နေသည့်
ကလေးတွေနှင့် ထိုကောင်လေးက လှုပ်ရှားမှုတို့
ရပ်တန့်ကာ သူ့ကိုမော့ကြည့်လာကြသည်။

သူ့ကိုမြင်သည်နှင့် ကလေးတွေက ထိုကောင်လေး၏ နောက်ကို ဝင်ပုန်းကြသည်။ စောစောက ချနေကြတာ သူတို့မဟုတ်သလိုပင်....
'နေယံ' မော့ကြည့်လာသည့်ကောင်လေး၏
မျက်နှာကို မြင်တော့ အံ့ဩသွားရသည်။

You're Killer, I'm Saver ( COMPLETE )Where stories live. Discover now