( 9 ) U

29.7K 1.1K 58
                                    


'သမိုင်း' နှင့် 'Can' ပြန်ရောက်လာတော့ 'နေယံ' ကအပေါ်ပိုင်းဗလာနှင့် ခါးတွင်တဘတ်တစ်ထည်
သာပက်ထားကာ ဆိုဖာပေါ်တွင်ထိုင်နေခြင်းဖြစ်သည်။ 'နေယံ' ကအဝတ်အစားထုတ်နှင့် ဆေးထုတ်ကိုယူကာ အိပ်ခန်းထဲဝင်သွားသဖြင့် 'Can' ကဆန်ပြုတ်ကို ပန်းကန်ထဲသွားထည့်လိုက်သည်။

'နေယံ' အဝတ်အစားလည်းပြီးနောက် ကုတင်ပေါ်တွင် ညဝတ်ပေါင်တိုဝမ်းဆက်စိမ်းပြာရောင်လေးဝတ်ထားကာ မှေးနေသူ၏ဘောင်းဘီကို ဆွဲချွတ်လိုက်တော့ အလန့်တစ်ကြားနှင့်မျက်လုံးဖွင့်ကြည့်လာသည်။

" ဆေးလိမ်းပေးမလို့.. "

'နေယံ' ပြောလိုက်တော့မှ မျက်လုံးလေးမှိတ်သွားကာ ပြန်မှေးနေသည်။

" အိပ်မပျော်ဘူးလား "

" မျက်လုံးကအိပ်ချင်တယ် နာနေတော့ အိပ်လို့မရဘူးဖြစ်နေတာ အာ့! စပ်တယ် "

'ရောင်ခြယ်' ပြောလိုက်တော့ 'နေယံ' က 'ရောင်ခြယ်' ၏တွင်းငယ်အား ဆေးလိမ်းရင်း လေဖြင့်မှုတ်ပေးလာသည်။ ဆေးလိမ်းပြီးသည်နှင့် ဘောင်းဘီပြန်ဝတ်ပေးကာ အိပ်ခန်းပြင်ကိုထွက်သွား၍ ဆန်ပြုတ်ပန်းကန်နှင့် ရေခွက်လေးကိုင်ကာ ပြန်ဝင်လာသည်။

'နေယံ' ပန်းကန်တို့အား ဘေးကစားပွဲပေါ်တင်ကာ မှေးနေသူအား လှုပ်နိုး၍ ဂျိုင်းကနေဆွဲမကာ ကုတင်ကိုကျောမှီထိုင်စေသည်။ ထို့နောက် 'နေယံ' ကကုတင်ပေါ်တွင် တင်ပလွှဲဝင်ထိုင်လိုက်ကာ ဆန်ပြုတ်ပန်းကန်ကို လှမ်းယူလိုက်သည်။

" 'ခြယ်' ညစာစားပြီးပြီ ကိုကို "

" ဆေးသောက်ရအောင် နည်းနည်းလောက်စားလိုက် "

" ဟင့်အင်း ...မစားချင်ဘူး "

" ကိုယ်ခွင့်ကျွေးမယ်လေ "

'နေယံ' ပြောလိုက်သည်နှင့် 'ရောင်ခြယ်' ကချက်ချင်းပင် ပါးစပ်လေးဟပေးလာသည်။

" လိမ္မာတယ် "

ဆန်ပြုတ်ပန်းကန်တစ်ဝက်လောက်ရောက်တော့
စားနေသူက မျက်နှာလေးရှုံ့မဲ့လာသည်။ 'နေယံ' လည်းဆက်မခွံ့တော့ဘဲ ဆေးနှင့် ရေခွက်ကိုလှမ်းယူကာ ဆေးတိုက်လိုက်သည်။ 'နေယံ' မတ်တပ်ထရပ်လိုက်သည်နှင့် 'ရောင်ခြယ်'က လက်ကိုလှမ်းဆွဲလာသည်။

You're Killer, I'm Saver ( COMPLETE )Where stories live. Discover now