( 25 ) U / Z

26.1K 1K 116
                                    

U~

" ဟား..ဟား ...ဟား "

'လမိုက်' တစ်ယောက် Condo မှထွက်လာကာ
ကားပေါ်ရောက်သည်အထိ အရယ်မရပ်..ရယ်တာကအကြောင်းမဟုတ်.. ရယ်ရင်းဖြင့် ကားမောင်းနေသည့် 'တည်မြဲ' ၏လက်မောင်းကို တဘုန်းဘုန်းထုရိုက်နေသဖြင့် 'တည်မြဲ' လက်မောင်းတို့ပင်အောင့်နေပြီဖြစ်သည်။
သို့သော်လည်း အရယ်မရပ်သည့် 'လမိုက်' ၏မျက်နှာလေးအား လှည့်လှည့်ငေးရင်း လက်မောင်းနာသည်ကိုပင် သတိမရတော့ဘဲ 'တည်မြဲ' ကိုယ်တိုင်ပင် လိုက်ပြုံးနေမိသည်။

'နေယံ' 'သမိုင်း' နှင့် 'Can' ပြန်သွားတော့မှ ပုခုံးတွေပင်တစ်သိမ့်သိမ့်တုန်သည်အထိ ထိုင်ရယ်နေမိသည်။ မောင်ဗိုက်လေးကတော့ သူရယ်နေသည်ကို ထိုင်ကြည့်ကာ ပြုံးစိစိလေးလုပ်နေသည်။ 'နေယံ' အရယ်ရပ်ကာ ဘေးက မောင်ဗိုက်လေးကို လှည့်ကြည့်လိုက်သည်နှင့် ပြုံးနေသူက ချက်ချင်းပင် ရုပ်တည်သွားကာ နှုတ်ခမ်းလေးထော်ထွက်လာ၍ ဟွန့်! ခနဲအသံပြုကာ တစ်ဖက်သို့လှည့်သွားသည်။ စောစောကတော့ တခစ်ခစ်ရယ်နေပြီး အခုမှစိတ်ကောက်ဖို့ သတိရသည်ထင်၏။

" 'ခြယ်'... "

"....... "

" ကိုကို့ကို စိတ်ဆိုးနေတာလား "

"........ "

" ကိုကို့ကလေးလေးက လိမ္မာပါတယ်ကွာ..
စိတ်မဆိုးပါနဲ့နော် "

"...... "

" ဒီဘက်ကိုလှည့်ပါဦး "

'နေယံ' မောင်ဗိုက်၏ဘေးနားသို့ပိုတိုးကပ်ထိုင်ကာ မျက်နှာလေးကို ဆွဲလှည့်တော့ အလှည့်မခံပေ....

" ကလေးလေးရေ.. "

"........"

" ပူတူးတူးလေးရေ... "

"......... "

"ကိုကို့အသည်းနှလုံးလေးရေ.. "

"........."

တစ်ဖက်လှည့်နေသဖြင့် 'နေယံ' ကမမြင်ရသော်ငြား 'ရောင်ခြယ်' တစ်ယောက် ပြုံးနေသည်မှာ
ပါးစပ်နားရွက်တက်ချိတ်တော့မတက်ပင်...

" သမီးလေးရဲ့ဖေဖေပေါက်စလေးရေ.. "

".......... "

" ဗိုက်ဗိုက်လေးရေ "

" ကိုကို့! ဘာဗိုက်ဗိုက်လည်း.. "

'နေယံ' ဘက်သို့မျက်နှာလှည့်လာကာ ပြဿနာရှာနေသူက ပြုံးတုံ့တုံ့မျက်နှာလေးနှင့် အသည်းယားဖွယ်ရာအတိ...

You're Killer, I'm Saver ( COMPLETE )Where stories live. Discover now