( 4 ) U

34.5K 1.2K 21
                                    


" ငါအနီးအနား ရပ်ကွက်တွေမှာမေးကြည့်တာတော့ မင်းပြောသလို ပုံစံမျိုးလေး အရင်ကရှိတယ်တဲ့ နာမည်အပြည့်အစုံတော့ သူတို့လည်း
မသိကြဘူးတဲ့ သူ့မိဘတွေကတော့ 'သားခြယ်' လို့ပဲ အမြဲခေါ်ကြတယ်ပြောတယ်...သူ့အဖေက စည်ပင်ဝန်ထမ်း...အရင်က ဝန်ထမ်းအိပ်ရာမှာနေတာ...လွန်ခဲ့တဲ့ ငါးနှစ်လောက်ကသူ့အဖေဆုံးသွားတော့ သားအမိနှစ်ယောက်ပြောင်းသွားကြတယ်တဲ့...ဘယ်ပြောင်းသွားလည်းတော့ သူတို့လည်း မသိဘူးပြောတယ် "

'ဇွဲ' ပြောပြသည်များကို 'နေယံ'က Laptop အား ကြည့်နေရင်းခေါင်းတငြိမ့်ငြိမ့်ဖြင့်နားထောင်နေသည်။ ယခုရောက်နေသည့်နေရာက 'ဇွဲ' ၏ မိခင်ဖြစ်သူ၏အထည်ဆိုင်ခွဲနှစ်တွင်ဖြစ်သည်။ အထည်ဆိုင်၏ ရုံးခန်းထဲတွင် 'နေယံ' က အလုပ်စားပွဲပေါ်ထိုင်ကာ Laptop သုံးနေခြင်းဖြစ်ရာ 'ဇွဲ' ကဧည့်ထိုင်ဆိုဖာတွင်ထိုင်နေခြင်းဖြစ်သည်။

" 'နေယံ' "

" အင်း "

" မင်းသူ့ကို ရှာပြီး ဘာလုပ်မလို့လည်း "

ထိုအခါမှ 'နေယံ' က မော့ကြည့်လာကာမျက်ဝန်းတို့ကလည်း မတည်ငြိမ် တစ်ခုခုကို စဉ်းစားနေသည့်ဟန်.....

" သူ့ရဲ့စကားတစ်ခွန်းက မင်းအတွက်အားဖြစ်စေ
ခဲ့လို့ ကျေးဇူးတင်ချင်တာလား ဒါမှမဟုတ် မင်းသူ့ကိုချစ်မိသွားလို့လား "

" ဒီတိုင်း.... ငါသူ့ကို နောက်တစ်ခါထပ်တွေ့
ချင်တာ "

" တွေ့ပြီးရင်ကော ဘာဆက်လုပ်မှာလည်း "

" ငါနဲ့ တွဲခိုင်းမယ် "

" Fuck!! အဲ့တာမင်းသူ့ကိုချစ်နေလို့ပေါ့ကွ! "

" မချစ်ဘူး "

" မချစ်ရင် ဘာလည်း "

" သဘောကျတာ "

'ဇွဲ' ဘာပြန်ပြောရမည်ပင်မသိ... ရုတ်တရက်ဆွံ့အသွားရသည်။

" မင်း ကုမ္မဏီကိုမသွားသေးဘူးလား "

The Rainbow ၏ CEO နေရာအား 'ဦးသက်တံ့ရောင်ခြည်' က 'နေယံ' ကိုလွှဲပေးခဲ့ခြင်းဖြစ်သည်။ 'ဦးတင်မောင်'မှာ ယာယီ ဥက္ကဥသာဖြစ်ကာ နေယံ' ကသာလျှင် ပိုင်ဆိုင်သူအစစ်ဖြစ်သည်။

You're Killer, I'm Saver ( COMPLETE )Where stories live. Discover now