Extra ( 1 ) U / Z

27.8K 927 37
                                    

U~

'အတ္တခိမ်းလျှံ' & 'ဆိုင်း'

Warning ⚠️

Warning ပိုင်းတွေကို Ss ရိုက်ပြီး လိုင်းပေါ်မတင်ကြပါနဲ့နော်....။

နောက်ကြောင်းပြန်ခြင်း.....

" 'ကိုမျိုး' ကျွန်တော်ဒီမှာ ဆင်းနေခဲ့လိုက်မယ် "

" ဟုတ်ပြီ 'ဆိုင်း' အစ်ကိုပြီးရင်ဖုန်းဆက်လိုက်မယ်.. အဝေးကြီးတွေ လျှောက်မသွားနဲ့နော် "

" ဟုတ်.. "

'ဆိုင်း' ကားပေါ်ကဆင်းကာ ခြေဦးတည့်ရာ လမ်းလျှောက်နေမိသည်။ 'ဆိုင်း' US ကနေဒီကိုပြန်ရောက်ကတည်းက မြို့ပြင်က ဂိုဏ်းမှာသာ နေခဲ့သည်။ ယနေ့က ဂိုဏ်းက ကလေးတွေ၏ အထက်တန်းကျောင်းက မိဘအစည်းအဝေးခေါ်သဖြင့် 'ကိုမျိုး' ကအစည်းအဝေးလာတက်ခြင်းဖြစ်သည်။ 'ဆိုင်း' မြို့ထဲလျှောက်ကြည့်ချင်တာကြောင့် လိုက်လာခဲ့ခြင်း ဖြစ်သည်။

'ဆိုင်း' ၏အရပ်မှာ 5 ပေ 9 ဖြစ်ကာ အသားဖြူသည့်ထဲတွင်ပါသည်။ ထူးခြားချက်ကတော့ အပြာရောင်မျက်ဝန်းတွေကို ပိုင်ဆိုင်ထားခြင်းဖြစ်သည်။ မီးခိုရောင်ဆံပင်တို့အား ခပ်အုပ်အုပ်ချထားကာ ဟူဒီမိုးပြာရောင်‌အပွလေးကို ပေါင်တိုအဖြူရောင်လေးနှင့် တွဲဝတ်ထားသည့် 'ဆိုင်း' ကအလွန်ပင်ချစ်စရာကောင်းနေသည်။ ထိုလူကောင်သေးသေးဖြူဖြူလေးက ဂိုဏ်းမှာ
တိုက်ခိုက်ရေးနည်းပြဟုပြောလျှင် ယုံကြမည်မထင်.... 'ဆိုင်း' လျှောက်သွားနေရင်း
'Heart Beat' ဆိုသည့် ကော်ဖီဆိုင်လေးရှေ့ကို အရောက် ဆိုင်ကိုသေချာကြည့်နေမိသည်။
ဆိုင်က မှန်နံရံတို့အား အသုံးပြုထားဖြင့် အတွင်းထဲသို့ ထွင်းဖောက်မြင်ရကာ ဆိုင်အတွင်းမှာလည်း သစ်ပင်ပန်းမန်များနှင့် စိမ်းစိုနေသည်။
ဆိုင်ထဲ ဝင်ရမည့် မှန်တံခါးရှေ့ရောက်တော့မှ
ပိုက်ဆံအိတ်မယူလာခဲ့မိသည်ကို အမှတ်ရသည်။

" ထားလိုက်ပါ.... နောက်တစ်ခါပေါ့ "

'ဆိုင်း' ခပ်တိုးတိုးဆိုကာ နောက်ကိုပြန်အလှည့်
မျက်နှာချင်းဆိုင်ကနေ လျှောက်လာသည့် လူတစ်ယောက်... ထိုသူက ရှပ်အင်္ကျီအနက်ရောင်ကို ကြယ်သီးနှစ်လုံးဖွင့်ဝတ်ထားကာ ရင်အုပ်ကျယ်ကျယ်တို့က ပေါက်ထွက်တော့မည့်အလား.. အင်္ကျီလက်တို့အားတံတောင်ဆစ်အထိခေါက်တင်ထားသည်။ ဖုန်းပြောနေခြင်းဖြစ်ရာ ဖုန်းကိုင်ထားသည့် လက်တွင် မြင်နေရသည့် တက်တူးက နဂါး‌တစ်ကောင်၏အောက်ပိုင်း....အင်္ကျီကိုစတိုင်ပန်အနက်ထဲသေသေသပ်သပ်ထည့်ဝတ်ထားကာ စီးထားသည့်ရူးဖိနပ်အနက်ရောင်မှာလည်း တောက်ပြောင်နေသည်။ အရပ်အမောင်းမှာ 6ပေကျော်မည်ထင်၏ သူမော့ကြည့်နေရသည်မဟုတ်ပါလား.... ဂုတ်ထောက်နေသည့် ဆံပင်တို့အား တစ်ဝက်စုချည်ထားကာ တစ်ခုခုကိုအလိုမကျသည့်ဟန်မျက်ခုံးတို့အား တွန့်ချိုးထားသည်။

You're Killer, I'm Saver ( COMPLETE )Where stories live. Discover now