( 21 ) U / Z

26.9K 1.1K 142
                                    

U~

Warning ⚠️

Warning ပိုင်းတွေကို Ss ရိုက်ပြီး လိုင်းပေါ်မတင်ကြပါနဲ့နော်......။

" 'ရောင်ခြယ်'...မင်းနေကောင်းရဲ့လား "

'မင်းခ' နားနေခန်းထဲ ဖြူဖက်ဖြူရော်နှင့် ဝင်လာသည့် 'ရောင်ခြယ်' ၏အနားသို့သွားကာ နဖူးပေါ်လက်တင်၍စမ်းကြည့်လိုက်သည်။

" ကိုယ်လည်းမပူပါဘူး "

" ငါ ဘာဖြစ်နေမှန်းမသိဘူး...လူကနုံးချိချိနဲ့
အစားအသောက်လည်း အဆင်မပြေဘူး ငါဘာမှမစားချင်ဘူး ဖြစ်နေတယ် ပြီးတော့ ခေါင်းတွေလည်း နောက်တယ် "

" နှုတ်ခမ်းတွေကလည်း ဖြူဖက်နေတာပဲ ပေး.. မင်းလက် "

' မင်းခ' 'ရောင်ခြယ်' ၏လက်ကိုကိုင်ကာသွေးကြောစမ်းလိုက်သည်။ ထို့နောက် မျက်လုံးတို့ပြူးကျယ်ကုန်ကာ ခေါင်းခါရင်း....

" မင်းမဖြစ်ဘဲ ငါဖြစ်နေတာများလား...ငါနေများမကောင်းဘူးလား "

ကိုယ့်နဖူးကိုယ်စမ်းနေသည့် 'မင်းခ' ကိုကြည့်ကာ 'ရောင်ခြယ်' ပို၍ပင် ခေါင်းနောက်လာရသည်။
'မင်းခ' 'ရောင်ခြယ်' ၏ သွေးကြောကိုပြန်စမ်းရန် လက်ဆွဲလိုက်သည်နှင့် ပြိုလဲကျလာသည့်ခန္ဓာကိုယ်ကြောင့် 'မင်းခ' အမြန်ထွေးပွေ့လိုက်ရသည်။

" 'ရောင်ခြယ်'.. ဟေ့ရောင်! သတိထားဦးလေ Shit! ငါထင်နေတာ မမှားဘူးထင်တယ် "

'မင်းခ' 'ရောင်ခြယ်' ကိုပွေ့ကာနားနေခန်းမှ ပြေးထွက်ရသည်။

" ဂုဏ်ယူပါတယ် 'မင်းခ'....မင်းကလေးအဖေ ဖြစ်ပြီ "

သူငယ်ချင်းဖြစ်သူ 'အောင်မိုး' ပြောလာသည့်စကားက 'မင်းခ' ၏ရင်ဝကို စောင့်ကန်လိုက်သလိုပင်.....

" Fuck! မင်း‌မေကြီးတော်ကို ကလေးအဖေလား "

" ဟမ်! မင်းမဟုတ်ဘူးလား "

" ငါလုပ်လိုက်ရင် သေတော့မယ်...မင်းကတော့ "

'မင်းခ' နှင့် 'အောင်မိုး' စကားပြောနေသည့်အချိန်တွင် အပြေးလာကြသည့် 'နေယံ' နှင့် 'သမိုင်း'...

" လူနာရှင်က အဲ့မှာ...ပြောပြလိုက် "

" ဂုဏ်ယူပါတယ်...လူနာမှာကိုယ်ဝန်နှစ်လ ရှိနေပါပြီ "

You're Killer, I'm Saver ( COMPLETE )Where stories live. Discover now