( 13 ) U

29.7K 1.1K 87
                                    


'ဇွဲ' သတိရလာတော့ အခန်းထဲမှာ 'Can' က မရှိတော့ပေ... 'ဇွဲ' အဝတ်ဗီဒိုကို အမြန်သွားဖွင့်ကြည့်လိုက်တော့..ဘာမှမရှိတော့ပေ...'ဇွဲ' ဗီဒိုရှေ့မှာသာ ထိုင်ချလိုက်မိသည်။

မောင်ကငါ့ဆီကနေထွက်ပြေးသွားပြန်ပြီ....

'ဇွဲ' ချက်ချင်းပင် အိတ်ကပ်ထဲက ဖုန်းကိုထုတ်ကာ 'Can' ကိုဖုန်းခေါ်လိုက်တော့...မနေ့ညကတည်းက စက်ပိတ်ထားသည့်ဖုန်းက အခုချိန်ထိပင်.... 'နေယံ' ကိုဖုန်းခေါ်ကာမေးလိုက်တော့ 'ခဏလောက် တစ်ယောက်ထဲလွှတ်ထားပေးလိုက်' ပါတဲ့......

အရင်ကဘယ်လောက်ပဲနှင်ထုတ်ပါစေ အနားမှာ လိုက်လိုက်ကပ်နေတဲ့ကောင်လေးက...တကယ်တမ်းကိုယ့်ကိုထားပြီးထွက်သွားမယ်ဆိုမှ... အဲ့ဒီလူကိုအဆုံးရှုံးမခံနိုင်မှန်းသဘောပေါက်လာရသည်။

>>>>>>>>

" 'နေယံ'....မင်းအိမ်မင်းပြန်နေတော့ "

" ကိုကြီး! "

" တိတ်စမ်း!! ယုန်ပေါက်.. သွား.. အိပ်ခန်းထဲသွားနေ "

'နေယံ' နှင့် 'ရောင်ခြယ်' ကနှစ်ယောက်ထိုင်ဆိုဖာတွင်အတူထိုင်နေခြင်းဖြစ်ရာ 'လမိုက်' ကသူတို့ရှေ့တွင် ခါးထောက်လျက်ဟိုဘက်ဒီဘက်လျှောက်နေခြင်းဖြစ်သည်။

'လမိုက်' ညကသောက်ထားသည့်အရှိန်နှင့် အိပ်ယာ‌နိုးလာတော့ နေ့လည်တောင်ရောက်နေပြီဖြစ်သည်။ ရေချိုးပြီး အပြင်ထွက်ကာ 'ရောင်ခြယ်' ၏အခန်းတံခါးကို သွားခေါက်တော့မဖွင့်လာ...ထမင်းဟင်းချက်ပြီး နောက်တစ်ခေါက်သွားခေါက်သော်လည်းတံခါးကမဖွင့်လာပေ...ဖုန်းခေါ်တော့လည်း နှစ်ယောက်လုံးကမကိုင်သဖြင့် သော့အပိုနှင့် ဖွင့်ဝင်လိုက်တော့... ရေချိုးခန်းကထွက်လာသည့်နှစ်ယောက်နဲ့ တည့်တည့်တိုးသည်။ နှစ်ယောက်လုံးက အပေါ်ပိုင်းဗလာနှင့်ဖြစ်ကာ ခါးမှာသာတဘက်ပက်ထားကြသည်။ 'နေယံ' က 'ရောင်ခြယ်' ကိုပွေ့ချီထားကာ
'နေယံ' ၏ရင်ဘတ်နှင့်လက်မောင်းတွင်ကိုက်ရာကုတ်ရာများနှင့်....'ရောင်ခြယ်' ကလည်း တစ်ကိုယ်လုံးနီးပါးပင် ကိုက်ရာဗလပွနှင့်... 'လမိုက်' ထိူနှစ်ယောက်ကို မြင်ပြီးသွေးပင်ဆောင့်တက်ချင်သွားရသည်။

You're Killer, I'm Saver ( COMPLETE )Where stories live. Discover now