Extra ( 9 ) End U / Z

27.7K 935 66
                                    

U~

'သက်တံ့နေယံ' & 'လရောင်ခြယ်'

Warning ⚠️

Warning ပိုင်းတွေကို Ss ရိုက်ပြီး လိုင်းပေါ်မတင်ကြပါနဲ့နော်....။

ယနေ့က 'နေယံ' နှင့် 'ရောင်ခြယ်' ၏ငါးနှစ်ပြည့်
မင်္ဂလာနှစ်ပတ်လည်နေ့ဖြစ်သည်။ 'သွန်းခြယ်' လေး အသက်သုံးနှစ်ကျော်မှ လက်ထပ်ခဲ့တာ
ဖြစ်သောကြောင့် ယခုဆိုလျှင် 'သွန်းခြယ်' လေးကအသက်ရှစ်နှစ်ကျော်ကိုးနှစ်ထဲဝင်နေပြီဖြစ်သည်။

မနက်အစောပိုင်းတွင် အရေးကြီး Meeting ရှိသည်ဟုဆိုကာ အိမ်ကထွက်သွားသူက
ယနေ့ကို မေ့များနေမလား... 'ရောင်ခြယ်' ဝရန်တာဘက်တွင် မတ်တပ်ထွက်ရပ်နေရင်း ချပ်ရပ်နေသည့် ဗိုက်လေးကိုကိုင်ထားမိသည်။ အရှေ့နှစ်က 'သွန်းခြယ်' လေးအတွက် မောင်လေးဖြစ်ဖြစ် ညီမလေးဖြစ်ဖြစ်ထပ်ယူမည်ဟု တိုင်ပင်ကာ ကလေးယူခဲ့သော်ငြား ကိုယ်ဝန်နှစ်ပတ်မှာတင် လှေကားပေါ်က ခြေချော်ကာပြုတ်ကျ၍ ပျက်ကျသွားခဲ့တာဖြစ်သည်။

'နေယံ' က ကလေးထပ်မယူတော့ရန် ပြောသော်ငြား 'ရောင်ခြယ်' ကတော့ ယူချင်ပါသေးသည်။
ဒုတိယကိုယ်ဝန်ရှိတာ စသိသည့်နေ့က ကိုကို့ရဲ့မျက်နှာလေးကို အမှတ်ရမိသည်။ ကိုကိုအရမ်းကိုပျော်နေခဲ့တာ...

မနက်ဆယ်နာရီအချိန်တွင်တော့ 'နေယံ' ကပြန်ရောက်လာကာ 'ရောင်ခြယ်' လည်းအိမ်ရှေ့ထွက်ကာ ဆင်းကြိုလိုက်သည်။ 'ရောင်ခြယ်' ကိုမြင်သည်နှင့် ပါးလေးကို ဖျက်ခနဲငုံ့နမ်တက်သည်ကလည်း 'နေယံ' ပုံမှန်လုပ်နေကြအရာတစ်ခုပင်..

'နေယံ' ရေချိုးခန်းကထွက်လာတော့ တဘက်လေးကိုင်ကာ မတ်တပ်ရပ်နေသူက အောက်နှုတ်ခမ်းလေးကို ဖိကိုက်ကာ တစ်ခုခုကိုစဉ်းစားနေသည့်ဟန်....

" 'ခြယ်'.. "

'နေယံ' ခေါ်လိုက်တော့ မော့ကြည့်လာကာ 'ရောင်ခြယ်' က 'နေယံ' ၏လက်ကိုလာဆွဲ၍ ကုတင်ပေါ်တွင် ထိုင်စေသည်။ 'နေယံ' ကခါးတွင်သာ တဘက်ပက်ထားခြင်းဖြစ်ရာ... 'ရောင်ခြယ်' က 'နေယံ' ၏ခြေထောက်နှစ်ဖက်ကြားတွင် ဝင်ရပ်၍ တဘက်ဖြင့် ဆံပင်တို့အား သုတ်ပေးလာသည်။ 'နေယံ' မျက်စိရှေ့ရောက်နေသည့် ခါးလေးကိုဆွဲဖက်လိုက်တော့ 'ရောင်ခြယ်' က 'နေယံ' ၏မျက်နှာကိုဆွဲမော့ကာ လက်တို့အား 'နေယံ' ၏ပုခုံးပေါ်တွင်တင်လာသည်။

You're Killer, I'm Saver ( COMPLETE )Where stories live. Discover now