( 11 ) U

29.6K 1.1K 111
                                    


နှစ်ပတ်ခန့်ကြာပြီးနောက်.....

ရှပ်အင်္ကျီခဲပြာရောင်ကို စတိုင်ပန်အနက်နှင့်တွဲဝတ်ထားကာ... ဆံပင်တို့အားသပ်သပ်ရပ်ရပ်
လှန်တင်ထားသည်။ အင်္ကျီလက်ကိုတံတောင်ဆစ်အထိ ခေါက်တင်ထားကာ ဆေးရုံထဲကိုဝင်လာသည့် 'နေယံ' ကိုလူအများသိသိသာသာရော မသိမသာပါခိုးကြည့်နေကြသည်။

'ကမ္ဘာ' Accident ဖြစ်သည့်ကိစ္စကြောင့် US ကနေစောစောပြန်လာခဲ့ရခြင်းဖြစ်သည်။ သို့သော်အလုပ်တို့အား လတ်စသတ်ရန် 'Can' ကတော့ US မှာကျန်နေခြင်းဖြစ်သည်။

တပည့်ကျော်ကြီး 'မောင်Can' ၏အကြံပေးမှုဖြင့်
'နေယံ' တစ်ယောက် 'ရောင်ခြယ်' ကိုအသိမပေးထားဘဲ Surpriseလာတိုက်ခြင်းဖြစ်သည်။
သို့သော် Surprise အတိုက်ခံလိုက်ရသူကတော့
'နေယံ' သာလျှင်....

" ယုန်ပေါက်!! "

'ရောင်ခြယ်' ဆေးရုံကော်ရစ်တာမှာ လူနာတစ်ယောက်နှင့်စကားပြောနေတုန်း ရင်းနှီးသည့်ခေါ်သံတစ်ခုကြောင့် လှည့်ကြည့်လိုက်တော့ မျက်လုံးတို့ပြူးကျယ်သွားရသည်။ 'လမိုက်' က မလှမ်းမကမ်းကနေ ပြုံးပြကာ လက်နှစ်ဖက်ကိုဆန့်တန်းထားသည်။

'ရောင်ခြယ်' ရင်တွေတစ်လှပ်လှပ်နှင့် အမြန်ပြေးသွားကာ 'လမိုက်' အပေါ်ကိုခုန်တက်ကာပွေ့ဖက် လိုက်သည်။ 'ရောင်ခြယ်' 'လမိုက်' ၏လည်ပင်းကို သိမ်းဖက်ထားရင်း မျက်နှာကိုအံ့ဩသလိုနှင့်ကြည့်နေကာမျက်ရည်တို့က ပေါက်ခနဲ...

" ဟော... ဘာလို့ငိုတာလည်း "

" ကိုကြီးမလား...ဟုတ်တယ်မလား "

" ဟုတ်ပါ့ဗျာ.. ယုန်ပေါက်ရဲ့ကိုကြီး လေ "

" အီးဟီး.... ကိုကြီးကိုသား ထပ်မတွေ့ရတော့ဘူး
ထင်နေတာ "

" မဟုတ်တာ..ယုန်ပေါက်ရာ ကိုကြီးကိုကြည့်ပါဦး "

'လမိုက်' ပြောလိုက်တော့ 'ရောင်ခြယ်' ကမော့ကြည့်လာကာ ရှိုက်ငိုနေသည်။

" ကိုကြီးအပြီးပြန်လာတာ ယုန်ပေါက်နဲ့ တစ်သက်လုံးတူတူနေသွားတော့မှာ "

" တစ်ကယ်လားဟင်! "

" တစ်ကယ်ပါ‌ဗျာ.. "

'နေယံ' မြင်နေရသည့်မြင်ကွင်းကြောင့် လက်သီးကိုကျစ်ကျစ်ပါအောင် ဆုပ်ကာအနားကိုအမြန်လျှောက်သွား၍ 'ရောင်ခြယ်' ၏ခါးကိုလက်တစ်ဖက်ထဲနှင့် ဆွဲမလိုက်ကာ အောက်ကိုချပေးလိုက်သည်။

You're Killer, I'm Saver ( COMPLETE )Where stories live. Discover now