Special Extra U / Z

5.5K 283 79
                                    

U~

'နေယံ' အလုပ်ကပြန်ရောက်သည့်အချိန်တွင် ထွက်ကြိုနေသည့် 'ရောင်ခြယ်' ကြောင့် အမောများပင်ပြေပျောက်သွားရသည်။ လက်ထဲကအိတ်လေးကို လာဆွဲယူသည့် 'ရောင်ခြယ်' ၏ပါးလေးကိုငုံ့နမ်းလိုက်တော့ ပြုံးပြကာ မော့ကြည့်လာသူက ချစ်ဖွယ်အတိ...

" ဖေကြီးရေ!... ဖေဖေရေ! "

အော်ခေါ်သံနှင့်အတူ အပြေးရောက်လာသည့် သူက 'သွန်းခြယ်' ပင်... 'သွန်းခြယ်' ကအသက်ဆယ့်ရှစ်နှစ်အရွယ်အပျိုပေါက်လေး ဖြစ်နေပြီဖြစ်ရာ ဆံနွယ်ထူထူတို့က တံခေါက်ကွေးပင်ကျော်နေပြီဖြစ်သည်။

" မောင်လေးနဲ့ 'ယိမ်း' ရန်ဖြစ်နေကြတယ် "

'သွန်းခြယ်' ၏စကားကြောင့် 'နေယံ' နှင့် 'ရောင်ခြယ်' အပေါ်ထပ်ကိုအပြေးတက်ရသည်။

" ထွက်သွား!! "

" အီးဟီး... "

" သားငယ်.. "

'နေယံ' ခေါ်လိုက်တော့ စာရေးစားပွဲတွင်ထိုင်နေသည့် 'လွင်ပြင်' ကမော့ကြည့်လာသည်။

" ဗျာ.. ဖေကြီး "

'နေယံ' နှင့် 'ခြယ်' အိမ်ထောင်သက်ငါးနှစ်ပြည့်ပြီးသည့်အချိန်တွင် ကလေးတစ်ယောက် ထပ်ယူခဲ့ကြသည်။ သားလေးအား ကျန်းမာစွာနှင့်ဖွားမြင်ခဲ့ကာ... 'သက်တံ့လွင်ပြင်' ဟူ၍အမည်ပေးခဲ့ကြသည်။ ယခုအချိန်တွင် 'လွင်ပြင်' ကအသက်ကိုးနှစ်ပင်ရှိနေပြီဖြစ်သည်။

'ယိမ်း' ကအသက်လေးနှစ်ရှိပြီဖြစ်ရာ 'လွင်ပြင်' ၏ဘေးတွင် မတ်တပ်လေးရပ်လျက် ဝတ်ထားသည့်အင်္ကျီ၏အရှေ့ဘက်အောက်ခြေကို လက်နှစ်ဖက်နှင့် ဆုပ်ကိုင်ရင်း ရှိုက်ငိုနေသည်။

'ခြယ်' အနားသို့သွားကာ 'ယိမ်း' ကိုပွေ့ချီလျက် ကျောပြင်လေးကို အသာပုတ်ကာ ချော့ရတော့သည်။

" ဘာဖြစ်ကြတာလည်း "

'နေယံ' မေးလိုက်တော့ 'လွင်ပြင်' ကစာအုပ်လေးတစ်အုပ်ကို 'နေယံ' ကိုပြလာသည်။ 'လွင်ပြင်' က 'ရောင်ခြယ်' နှင့်အလွန်တူကာ ဆရာဝန်ဖြစ်ချင်သူတစ်ဦးဖြစ်သည်။ စာကိုအကြိတ်အနယ်ကြိုးစားသူဖြစ်ရာ မှတ်စုထုတ်ထားသည့် စာမျက်နှာပေါ်တွင် ဘောပင်ဖြင့် လျှောက်ခြစ်ထားသည့်အရာများက 'ယိမ်း' လက်ချက်ဖြစ်ဟန်တူ၏။

You've reached the end of published parts.

⏰ Last updated: May 15 ⏰

Add this story to your Library to get notified about new parts!

You're Killer, I'm Saver ( COMPLETE )Where stories live. Discover now