Extra ( 7 ) U / Z

19.5K 853 58
                                    

U~

'လမိုက်ည' & 'တည်မြဲ'

" One..Two..One..Two "

'လမိုက်' တစ်ယောက် အချက်ရေ တို့ကိုရေရွတ်နေကာ 'ဖောင်းဖောင်း' လေးကိုထိန်းကိုင်လျက်
လမ်းလျှောက်သင်ပေးနေခြင်းဖြစ်သည်။ 'ဖောင်းဖောင်း' လေးကတစ်နှစ်ကျော်ပြီဖြစ်ကာ ဝူးဝူးဝါးဝါးနှင့်စကားတွေပြောနေပြီဖြစ်သည်။
'ဖောင်းဖောင်း' ကလက်တို့အားမြောက်ထားကာ 'လမိုက်' ၏လက်ညိုးတို့ကို ဆုပ်ကိုင်လျက် 'လမိုက်' ကတော့အနောက်မှနေ၍ ခါးကိုကိုင်းချကာ လမ်းတူတူလျှောက်ပေးနေခြင်းဖြစ်သည်။

" 'ဖောင်းဖောင်း' ရေ...ဖေဖေ့ဆီလာပါဦး "

'တည်မြဲ' ကဆောင့်ကြောင့်ထိုင်ကာ လက်ခုပ်လေးတီးကာ ခေါ်လိုက်တော့ 'ဖောင်းဖောင်း' ကချက်ချင်းပင် ဦးတည်ရာပြောင်းကာ 'တည်မြဲ' ရှိနေသည့် ဘက်ကိုလျှောက်လာသည်။ အနားရောက်လာသည်နှင့် 'တည်မြဲ' ပွေ့ချီကာ မတ်တပ်ထရပ်လျက် 'ဖောင်းဖောင်း' ၏ ပါးဖောင်းဖောင်းလေးကို မွှေးကြူပစ်လိုက်သည်။ ထိုအခါ 'လမိုက်' ကအနားသို့တိုးကပ်လာကာ ပါးကိုဖောင်းထားပေးသည်။

'တည်မြဲ' ဘေးဘီဝဲယာကို လှည့်ကြည့်ကာလူမရှိတာ သေချာမှ 'လမိုက်' ၏ပါးကိုအနမ်းပေးလိုက်သည်။ လက်ရှိမှာ သူတို့ကဂိုဏ်းကိုရောက်နေခြင်းဖြစ်ရာ တရားဝင်ကြေညာကာ တွဲနေခြင်းဖြစ်သော်ငြား ဂိုဏ်းသားတွေရှေ့မှာတော့
အနေအထိုင်ဆင်ခြင်သည်။

" Boss.. "

ပြွက်!

'တည်မြဲ' စကားပြောရန်အစချီလိုက်သည်နှင့် နှုတ်ခမ်းကို အသံမြည်အောင်ဖိကပ်နမ်းလိုက်သူကြောင့် မျက်လုံးပြူးသွားကာ ဘေးဘီဝဲယာကိုလှည့်ကြည့်ရသည်။ 'ဖောင်းဖောင်း' ကတော့ တစ်ခစ်ခစ်နှင့်သာ ရယ်နေသည်။

" Boss! "

ပြွက်!

'တည်မြဲ' ဆူပုတ်ပုတ်နှင့်ကြည့်နေတော့ 'လမိုက်' ကထပ်ခေါ်ကြည့်လေဆိုသည့် ပုံစံဖြင့်ကြည့်လာသည်။

" ကိုကို "

" ဗျာ... "

" ကျွန်တော်တို့အခုကဂိုဏ်းမှာလေဗျာ...
အနေအထိုင်လေး ဆင်ခြင်ပါဦး "

You're Killer, I'm Saver ( COMPLETE )Where stories live. Discover now