Extra ( 5 ) U / Z

22.1K 863 37
                                    

U~

'လင်း‌စေရာ' & 'ညဉ့်ဦးယံ'

Warning ⚠️

Warning ပိုင်းတွေကို Ss ရိုက်ပြီး လိုင်းပေါ်မတင်ကြပါနဲ့နော်....။

ကိုယ့်ထက်အသက်အများကြီး ငယ်သည့်ကောင်လေးနှင့် ချစ်သူဖြစ်နေရသည့် ကိစ္စကလည်း
လွယ်ကူသည့်အရာတော့မဟုတ်ပေ...

'ညဉ့်ဦးယံ' မျက်နှာတွင် Mask ကပ်ကာ ခဏမှေးနေလိုက်သည်။ ဘဝတစ်လျှောက်လုံး
နေချင်သလိုနေခဲ့သော်ငြား အခုချိန်မှာတော့
ကောင်လေးငယ်ငယ်လေးရထားသဖြင့်
ကိုယ့်မှာ Skincare ရတာလည်း အလုပ်တစ်ခုပင်....

'ညဉ့်ဦးယံ' 'လင်းစေရာ' ၏ရှပ်အင်္ကျီမီးခိုးရောင်အပွကို ယူဝတ်ထားကာ အောက်ပိုင်းကိုတော့
Boxer အနက်ရောင်တစ်ထည်ထဲသာ ဝတ်ထားလိုက်သည်။ အင်္ကျီကပွနေသည့်အပြင် တင်ပါးအုပ်သည်အထိရှည်သည်။ ကြယ်သီးကို လေးလုံးအထိဖြုတ်ကာ ပုခုံးတစ်ဖက်ကိုလျောချ၍ ပုခုံးသားတို့အား လှစ်ဟထားလိုက်သည်။

ဆရာဝန်နှစ်ယောက် တည်ဆောက်ထားသည့် အချစ်ရေးဖြစ်သဖြင့် အလုပ်များကာ တစ်ယောက်ကိုတစ်ယောက် အချိန်ပေးရသည်က သာမန်အတွဲတွေထက်ပို၍နည်းပါးသည်။

'ညဉ့်ဦးယံ' ကနေဒါတွင် ခွဲစိတ်ပါရဂူကြီးများ၏
သင်ကြားရေးပိုင်းအတွက် အကူအညီပေးရသဖြင့် ကနေဒါတွင် နှစ်လလောက်ကြာခဲ့သည်။
ထိုအချိန်တွင် 'လင်းစရာ' ကလည်း ဆေးရုံမှာမနေဘဲ ဆေးရုံပရဟိတအသင်းနှင့်အတူ
ကယားပြည်နယ်ကို လိုက်သွားခဲ့သည်။

ရန်ကုန်ကို 'ညဉ့်ဦးယံ' ကအရင်ပြန်ရောက်လာခဲ့ခြင်းဖြစ်ရာ 'လင်းစေရာ' ကတော့မနက်ကမှ
ပြန်ရောက်လာခြင်းဖြစ်သည်။

'ညဉ့်ဦးယံ' မှန်ရှေ့တွင် တစ်ပက်လည်ကြည့်ကာ
စိတ်တိုင်းကျပြီဆိုမှ အိပ်ခန်းအပြင်ကို ထွက်လာလိုက်သည်။ နေ့လည်ဆယ့်တစ်နာရီ အချိန်ဖြစ်ကာ 'လင်းစေရာ' က မီးဖိုချောင်တွင် နေ့လည်စာအတွက် ချက်ပြုတ်ရန်ပြင်ဆင်‌နေခြင်းဖြစ်သည်။

" ကလေး... "

'လင်းစေရာ' အသံလာရာကို လှည့်ကြည့်လိုက်တော့ ပါးစပ်အဟောင်းသား ဖြစ်သွားရသည်။
'ညဉ့်ဦးယံ' က နံရံကိုမှီကာ Sexy ကျကျရပ်နေရင်း အောက်နှုတ်ခမ်းကိုဖိကိုက်ကာ မျက်စိတစ်ဖက်မှိတ်ပြလာသည်။

You're Killer, I'm Saver ( COMPLETE )Where stories live. Discover now