( 6 ) U

31.9K 1.2K 150
                                    


'Can' VIP Room ထဲသို့ ဝိုင်ပုလင်းအချို့ကိုင်ကာ
ဝင်သွားလိုက်သည်။ ဆိုဖာပေါ်တွင်ထိုင်နေကြသည့် လူ‌လေးယောက်အပြင် အခန်းတွင်းမှာလည်း ဝတ်စုံအနက်နှင့် Bodyguard တို့ကအယောက် နှစ်ဆယ်လောက်ရှိသည်။

ထိုလူလေးယောက်မှာ မြန်မာနိုင်ငံ၏ Top Ten စာရင်းဝင်သည့် The Light ၏ CEO 'ဦးလင်းရောင်'...The Million ၏ CEO 'ဦးအောင်သူရ'
The Sky ၏ CEO 'ဦးမိုးမြင့်သူ' နှင့် The Rainbow ၏ယာယီဥက္ကဥဖြစ်ခဲ့ဖူးသူ 'ဦးတင်မောင်'.....

" 'တင်မောင်' အခြေအနေဘယ်လိုရှိလည်း "

" ရောက်ရောက်ချင်းကို အလုပ်ထုတ်လိုက်တာ
ကျုပ်လူတွေကြီးပဲ "

" လျှော့တွက်လို့တော့မရဘူး 'သက်တံ့ရောင်ခြည်' မသေခင်က အကြောင်းတွေကို စုံစမ်းနေတဲ့ လူရှိတယ် သူတို့ညီအစ်ကိုနှစ်ယောက်ထဲကတစ်ယောက် ဖြစ်လိမ့်မယ် "

" ကျုပ်အထင်တော့ 'သက်တံ့နေယံ' ပဲဖြစ်လိမ့်မယ် "

" ကျုပ်လည်းထင်တယ် "

" ဘာတွေစိုးရိမ်နေတာလည်း ငါတို့အကုန်လက်စဖျောက်ထားပြီးသားလေ "

'ဦးလင်းရောင်' က ပြောပြီးသည်နှင့်ရှေ့ကဝိုင်ခွက်ကို ယူကာ တစ်ကျိတ်ထဲမော့သောက်လိုက်သည်။

'Can' ထိုသူတို့ပြောသည်များကို နားထောင်ရင်း
စားပွဲဘေးတွင် ဒူးထောက်ထိုင်ကာ ဝိုင်ပုလင်းကို ဖောက်၍ ဖန်ခွက်တွေထဲကို ထည့်ပေးနေလိုက်သည်။

" ဒီည အလှည့်ကြတာ မင်းလား "

'Can' သူ့ကိုရည်ညွှန်းကာ ပြောလာသည့် စကားကြောင့် မော့ကြည့်လိုက်တော့ Top Nine နေရာတွင် ရပ်တည်နေသည့် The Sky ၏လက်ရှိ CEO
'ဦးမိုးမြင့်သူ' ....အသက်လေးဆယ်ဝန်းကျင်ခန့်ရှိ၍ ရုပ်ရည်ရှိသူဖြစ်သည်။ Gay အဖြစ် Come Out လုပ်ထားသူတစ်ဦးလည်းဖြစ်သည်။

" ဗျာ! "

'Can' နားမလည်သလို ကြည့်လိုက်မိတော့ ထိုလူက 'Can' ၏မှေးဖျားလေးကို လက်ညိုးဖြင့်အပေါ်ကိုဆွဲမော့လိုက်သည်။

" လူသစ်လား "

" ဟုတ်ကဲ့ "

" မင်းမန်နေဂျာက ဘာမှမပြောလိုက်ဘူးလား "

တစ်ကယ်တော့ 'Can' ကအစားဝင်လာခြင်းဖြစ်သည်။ ဒီအခန်းထဲကို ဝင်ရန် မန်နေဂျာက
ခွင့်မပြုသောကြောင့် ဝင်ခွင့်ရသည့် ကောင်လေးကို 'Hiss' က မေ့ဆေးပေးကာ ဖမ်းထားပြီး 'Can' က အစားဝင်လာခြင်းဖြစ်သည်။

You're Killer, I'm Saver ( COMPLETE )Where stories live. Discover now