( 26 ) U / Z

25.5K 1K 54
                                    

U~

" ကိုကြီးက နာမည်ပေးတက်လိုက်တာ
'သက်တံ့သွန်းခြယ်' ဆိုတာလေး တော်တော်လှတယ် "

" ဟုတ်တယ် ကိုကို ဘယ်ချိန်ကတည်းက
စဉ်းစားထားတာလည်း မသိဘူး "

'ဒီခေတ်' က အနှီးထုပ်လေးထဲတွင် အိပ်ပျော်နေသည့် 'သွန်းခြယ်' လေးအား ပွေ့ချီထားရင်း
ပြောလာခြင်းဖြစ်သည်။ ဆေးရုံအခန်းအတွင်းတွင် 'ရောင်ခြယ်' ကကုတင်ပေါ်တွင် ကျောမှီထိုင်နေကာ 'ဒီခေတ်' က 'သွန်းခြယ်' လေးကိုပွေ့လျက် ကုတင်ပေါ်တွင် တင်ပလွဲဝင်ထိုင်နေခြင်းဖြစ်သည်။ 'နေယံ' တို့အိမ်မှာပြင်ပြီးပြီဖြစ်သောကြောင့် ဆေးရုံဆင်းလျင်အသင့်နေနိုင်ရန်အတွက် ရွေ့ပြောင်းနေကြသဖြင့် 'ဒီခေတ်' က 'ရောင်ခြယ်' အားအဖော်လုပ်ပေးနေခြင်း ဖြစ်သည်။

ဒေါက်! ဒေါက်!

တံခါးခေါက်သံနှင့်အတူ အထဲဝင်လာသူက
'မင်းခ' ဖြစ်သည်။ လက်တစ်ဖက်က Duty ကုတ်ထဲထည့်ထားကာ နောက်တစ်ဖက်က အထုတ်တစ်ထုတ်ကို ဆွဲရင်း အခန်းထဲဝင်လာသည်ကို
မြင်သည်နှင့် 'ဒီခေတ်' က 'သွန်းခြယ်' ကို 'ရောင်ခြယ်' ၏လက်ထဲသို့ပြောင်းပေးကာ နေရာမှအပြေးထဿ 'မင်းခ' ဆီသို့သွားသည်။ 'မင်းခ' ကလက်ထဲကအထုတ်ကို 'ဒီခေတ်' လက်ထဲထည့်ပေးပြီးသည်နှင့် 'ရောင်ခြယ်' ၏အနားသို့သွားကာ.....

" 'ရောင်ခြယ်' နေရထိုင်ရ အဆင်ပြေနေလား "

" အင်း..ပြေတယ် မင်းကော Duty ပြီးပြီလား "

" ခဏနားတာ... လူနာစောင့်က ဆရာဝန်ကို
ရေခဲချောင်းသွားဝယ်ခိုင်းလို့ နားချိန်ကဘယ်ရောက်သွားမှန်းကို မသိဘူး "

" 'မင်းခ' မင်းကဒါလေးဝယ်ပေးရတာကို
ငြိုငြင်တာလား "

'ဒီခေတ်' ကဧည့်ထိုင်ဆိုဖာတွင် ထိုင်ကာ 'မင်းခ' ဝယ်လာပေးသည့် မုန့်များထဲက ရေခဲချောင်းတစ်ခုကို စားရင်းလှမ်းအော်လာသည်။

" မငြိုငြင်ရဲပါဘူးဗျာ... "

" 'ရောင်ခြယ်' မင်းကိုတော့အားနာပါတယ်
ငါအရမ်းစားချင်နေလို့ အစ်ကိုမရှိတုန်းလေး
စားရတာမလို့ ဟီး... "

'ဒီခေတ်' ကလက်တစ်ဖက်က ရေခဲချောင်းကို
ကိုင်ကာ စားလျက် ရယ်ကာပြောလာသည်။

You're Killer, I'm Saver ( COMPLETE )Where stories live. Discover now