( 3 ) U

36.2K 1.4K 84
                                    

Warning ⚠️

Warning ပိုင်းတွေကို Ss ရိုက်ပြီးလိုင်းပေါ်မတင်ကြပါနဲ့နော်....။

ခုနှစ်နှစ်ဆိုသည့် အချိန်ကြာကာလ တစ်ခုကြာသွားပြီးနောက်မှာတော့ အရာအားလုံးပြောင်းလဲသွားခဲ့သည်။ ခုနှစ်နှစ်ဆိုသည့်အတိုင်းအတာက
လူတစ်ယောက်ကို ပြောင်းလဲသွားစေရန်အတွက်လုံလောက်သည်ပင်.....

ဒိုင်း!

ထွက်ပေါ်လာသည့် သေနတ်သံ၏နောက်မှာတော့ ကြမ်းပြင်ပေါ်သို့လှဲကျသွားကာ သွေးတို့ဒလဟော စီးကျနေသည့်လူတစ်ယောက်...
ထိုလူ၏ဘေးတွင်တော့ ဒူးထောက်ထိုင်ကာ
သွေးပျက်ခြောက်ခြားနေသည့်
လူတစ်ယောက်....

" မင်းတို့ကိုသတင်းပေးတာ ဘယ်သူလည်း "

မျက်နှာတစ်ခြမ်းကို မျက်နှာဖုံးတပ်ထားကာ ခြေချိတ်ထိုင်၍ လက်ထဲကသေနတ်ကို လှည့်ကစားနေရင်းမေးလာသည့် စကားနောက်...သွေးပျက်ခြောက်ခြားနေသူမှာ....

" F...'Fox' ဆိုတဲ့သူပါ "

ဒိုင်း!

သိချင်သည့် အဖြေကိုရသည်နှင့်တစ်ပြိုင်နက်
ထိုသူ၏ ဦးခေါင်းတည့်တည့်သို့ ပစ်လိုက်ခြင်းဖြစ်သည်။

ထိုသူမှာ မြေအောက်လောကတွင် နာမည်ကြီးသည့် 'Ven' ဂိုဏ်း၏ အရှင်သခင်... သွေးအေးရက်စက်လွန်းသည့် 'Ven'....

'Ven'... သူ၏လက်အောက်ဂိုဏ်းသားတွေကိုပင်
မျက်နှာဖော်ပြခြင်း မရှိသည့် လျှို့ဝှက်သည့်လူသား.... လူသတ်သည့်နေရာတွင် သွေးအေးရက်စက်လွန်းသဖြင့် 'Ven'ဆိုသည့် နာမည်ကြားရုံနှင့်တင်ခြောက်ခြားစေသူဖြစ်သည်။

" 'Hiss'! "

" ဟုတ်ကဲ့ ကျွန်တော်ရှင်းလိုက်ပါ့မယ် Boss "

'Hiss'....အမှောင်လောက ဂိုဏ်းတွေကြားမှာ
အလွန်နာမည်ကြီးသည့် 'Ven' ဂိုဏ်း၏လက်ရွေးစင်တိုက်ခိုက်ရေးသမား...
'Ven' ၏မျက်နှာနှင့် သရုပ်မှန်ကိုသိရှိသူ နံပါတ်တစ်.....

'Hiss' 'Ven' ကိုဦးညွှတ်ပြီးနောက် ဂိုဏ်း၏ သစ္စာဖောက်ဖြစ်သူ 'Fox' အားရှင်းလင်းရန်အတွက် ထွက်လာခဲ့လိုက်သည်။

" 'Can' ဒီအလောင်းတွေကို ရှင်းပစ်လိုက်တော့"

" ဟုတ်ကဲ့ Boss "

You're Killer, I'm Saver ( COMPLETE )Where stories live. Discover now