Extra ( 8 ) U / Z

22.8K 886 49
                                    

U~

Warning ⚠️

Warning ပိုင်းတွေကို Ss ရိုက်ပြီး လိုင်းပေါ်မတင်ကြပါနဲ့နော်....။

ငါးနှစ်ခန့်ကြာပြီးနောက်.....

တောင်ကြီးမြို့.. အ.လ.က (၁၄) ကျောင်းရှေ့တွင် မိဘများစုရုံးနေကာ သား..သမီးများကို လာကြိုနေကြခြင်းဖြစ်သည်။

" သူငယ်တန်း (A) 'အချစ်ည' လာကြိုပြီ "

" လာပြီ‌‌ဗျ.. "

ဂိတ်စောင့်ဆရာမ၏ အော်သံနှင့်အတူ တန်းစီကာရပ်နေသည့် ကလေးများကြားမှ ပြေးထွက်လာသူက 'အချစ်ည' ပင်... 'တည်မြဲ' အနားရောက်လာသူအား ပွေ့ချီလိုက်ကာ လက်ထဲက ထမင်းချိုင့်ကို လွှဲပြောင်းယူလိုက်သည်။

" ဖေဖေ သားရေခဲမုန့်စားချင်တယ် "

" ချောင်းဆိုးလိမ့်မယ် သားရဲ့ တစ်ခြားဟာ
စားနော် "

" ဟွန့်! "

" သားကလိမ္မာပါတယ် ခေါက်မုန့်ပူပူလေး စားမလား "

" ကြက်ဥနဲ့ "

" ဟုတ်ပါပြီဗျာ "

'တည်မြဲ' တောင်ကြီးမှာအခြေခဲ့တာ ငါးနှစ်ပင်ရှိနေပြီဖြစ်သည်။ ဒီကြားထဲ အားလုံးကိုအဆက်အသွယ်ဖြတ်ကာ မည်သူနှင့်မျှ ဆက်သွယ်ခြင်းမရှိ...ကလေးတစ်ယောက်ကို ပြုစုပျိုးထောင်ရသည်ကလည်း လွယ်ကူသည့်အရာမဟုတ်ပေ... စားဝတ်နေရေးနှင့် နေထိုင်ဖို့ရာအတွက် Mini Mart တစ်ခုတွင် အလုပ်ဝင်ခဲ့သည်။

အိမ်ငှားနေသည့် အိမ်ရှင်လင်မယားက သဘောကောင်းသည့်အပြင် 'အချစ်ည' လေးကိုပါ ထိန်းကူပေးသည်။

" ဖေဖေရေ.. Let's go, Let's go "

ယနေ့က စနေနေ့ဖြစ်ကာ 'တည်မြဲ' ၏အလုပ်နားရက်ဖြစ်သည်။ မြို့လယ်ရှိ စူလာမုဏိဘုရားသို့လိုက်ပို့ပေးမည်ဟုပြောထားသဖြင့် မနက်စောစောထကာ တက်ကြွနေသူက 'အချစ်ည' ပင်...

'တည်မြဲ' ကရှပ်အင်္ကျီကော်ဖီရောင်ကို... ယောပုဆိုးအနက်ရောင်နှင့်တွဲဝတ်ထားကာ 'အချစ်ည' ကလည်း 'တည်မြဲ' နှင့် ဆင်တူပင်ဝတ်ထားခြင်းဖြစ်သည်။ ပုဆိုးက အသင့်ဝတ်ဖြစ်ကာ စွပ်ပေးလိုက်ရုံသာ...ဆံပင်တို့အား ဘေးခွဲကာ 'အချစ်ည' က သနပ်ခါးကိုမျက်နှာအပြည့်ပင်သူ့ကိုယ်သူလူးထားသဖြင့် မညီမညာနှင့် အလွန်ပင်ချစ်ဖို့ကောင်းနေသည်။ 'တည်မြဲ' 'အချစ်ည' ၏ ပါးဖောင်းဖောင်းလေးကို ငုံ့နမ်းလိုက်သည်။ 'တည်မြဲ' ကဆံပင်တို့အား ရှေ့တွင်သာ ခပ်အုပ်အုပ်ချခြင်းဖြစ်သည်။ 'တည်မြဲ' ပိုက်ဆံအိတ်နှင့် ဖုန်းကိုယူလျက် 'အချစ်ည' လက်ကိုဆွဲကာ အိမ်ထဲမှထွက်လာလိုက်သည်။

You're Killer, I'm Saver ( COMPLETE )Where stories live. Discover now