( 27 ) U / Z

25.2K 1K 45
                                    

U~

" Boss ကျွန်တော်... "

" 'မြဲ'.. "

" ဗျာ.. "

" မင်းငါ့ကို ဘယ်ချိန်အထိ Boss လို့ခေါ်နေမှာလည်း "

" ဗျာ... Boss ကို Boss လို့မခေါ်လို့... ဘယ်လိုခေါ်ရမှာလည်း "

" ကျစ်! မင်းနဲ့ငါက ချစ်သူရည်းစားတွေလေ
ဘယ်သူက ကိုယ့်ကောင်လေးကို Boss လို့ခေါ်လို့လည်း "

" ကျွန်တော်က အကျင့်ပါနေလို့ပါ "

" မရဘူး... ပြောင်းခေါ် "

'‌လမိုက်' ၏အပြောကြောင့် 'တည်မြဲ' ခေါင်းသာကုတ်မိသည်။ Boss ကို တခြားအမည်နာမတစ်ခုပြောင်းခေါ်ရန် တစ်ခါမှမတွေးဖူးတာအမှန်ပင်..

" ကျွန်တော်..  ဘယ်လိုခေါ်ရမလည်း Boss "

" မင်းကငါ့ထက်တစ်နှစ်တောင် ငယ်တာပဲ
ကိုကိုလို့ခေါ်... "

" ဗျာ! "

" ခေါ်ကြည့်... "

" Boss အဲ့တာကလေ... "

" Boss မဟုတ်ဘူး ကိုကို.. အခုခေါ်... "

" တခြားတစ်ခုခုခေါ်လို့မရဘူးလား.. "

" မရဘူး... 'နေယံ' ကိုယုန်ပေါက်က ကိုကိုလို့ခေါ်တာ... 'ဇွဲ' ကိုလည်း 'Can' က ကိုကိုလို့ခေါ်တာ
သူတို့နှစ်ကောင်တောင် ကိုကိုလို့အခေါ်ခံရသေးတာပဲ ငါလည်း အခေါ်ခံရသင့်တယ် မဟုတ်ဘူးလား "

"...... "

" ခေါ်.. "

" Boss ဟို... "

" ကိုကိုပါဆို.. "

" ချက်ချင်းကြီးကျတော့ တစ်မျိုးဖြစ်နေလို့ အချိန်ခဏလောက်ယူလို့ရလား "

" ဘယ်နှစ်ရက်ယူမလည်း တိတိကျကျပြော "

" တစ်လ "

" ရတယ်လေ... မင်းငါ့ကို အခါသုံးဆယ်နမ်း အခုချက်ချင်း "

" ဗျာ! ရက်နှစ်ဆယ်ပဲယူမယ်ဆိုရင်ကော... "

" အခါနှစ်ဆယ်နမ်း... "

" ကျွန်တော်... ဆယ်ရက် အချိန်ယူမယ် "

" ဟုတ်ပြီ ဆယ်ခါနမ်း "

'လမိုက်' ပြောလိုက်တော့ 'တည်မြဲ' က 'လမိုက်' ၏ဘေးတွင်ဝင်ထိုင်ကာ ပါးနှစ်ဖက်ကိုတစ်လှည့်စီဖြင့် ဆယ်ခါအနမ်းပေးလာသည်။

You're Killer, I'm Saver ( COMPLETE )Tempat cerita menjadi hidup. Temukan sekarang