( 16 ) U

29.2K 1K 49
                                    


'Can' ဆေးရုံအခန်းသို့ ပြန်ရောက်လာတော့ မနက်နှစ်နာရီထိုးနေပြီဖြစ်သည်။ နှစ်ယောက်ထိုင်ဆိုဖာပေါ်တွင် 'နေယံ' ကလှဲအိပ်နေကာအပေါ်မှာတော့ မှောက်ယက်သားလေးနှင့် 'နေယံ' ၏ရင်ခွင်ထဲဝင်အိပ်နေသည့် 'ရောင်ခြယ်'.....
လူနာကုတင်ပေါ်တွင် 'Rino'လေးကို ရင်ခွင်ထဲထည့်ကာ ဖက်အိပ်နေသည့် 'သမိုင်း'...

'Can' က 'နေယံ' ပေးအပ်သည့် Mission ကြောင့် တစ်ညလုံး လူနှစ်ယောက်နောက်ကိုနောက်ယောင်ခံလိုက်ရင်း မြို့အပြင်အထိရောက်သွားခဲ့သည်။ 'Can' ဝင်လာသည်နှင့် သတိကပ်ကာ အိပ်တက်သည့် 'နေယံ' နှင့် 'သမိုင်း' ကနိုးလာကြသည်။ ခေါင်းထောင်ကြည့်လာကြကာ အဆင်ပြေလားဟူသည့်အကြည့်ဖြင့် ကြည့်လာကြသဖြင့် 'Can' လက်နှစ်ဖက်မြောက်ကာ လက်မထောင်ပြလိုက်တော့ တမ်းပြန်အိပ်သွားကြသည်။ ‌ဪ...တရားကျဖို့ကောင်းလိုက်တာ....

'ဇွဲ' အိပ်နေရင်းကျောချမ်းသလိုခံစားလာရကာ
တစ်ယောက်ယောက်က စိုက်ကြည့်နေသလို ခံစားရတာကြောင့် ပက်လက်လှန်လိုက်ကာ မျက်လုံးကိုလက်နှစ်ဖက်ဖြင့် ပွတ်ရင်း အခန်းဘေးဘီကိုဝေ့ကြည့်လိုက်တာ့ ခြေရင်းဘက်မှာ ရပ်နေသည့် အရိပ်မဲမဲကြီးတစ်ခု... 'ဇွဲ' ကညအိပ်လျှင် မီးပိတ်အိပ်တက်သူဖြစ်ကာ ထိုအရိပ်ကြီးကိုမြင်တော့ မျက်လုံးတို့ပြူးကျယ်ကုန်ကာ စောင်ကိုခေါင်းမှီးဆွဲခြုံလိုက်ရင်း.....

" အား.....မေမေရေ သရဲ...ဩကာသ..
ဩကာသ... "

စောင်ကိုပက်လှိမ့်ကာ ပု‌စွန်ထုပ်လိုကွေး၍ အော်ချင်ရာအော်နေသူကို 'Can' ကြည့်ကာ ပြုံးလိုက်မိသည်။ ထို့နောက် မီးခလုတ်ကိုဖွင့်လိုက်ကာ ကုတင်ဘေးကိုသွား၍ စောင်ကိုဆွဲလှန်တော့အတင်း
ပြန်ဆွဲထားသည်။ အားထည့်ကာ ဆွဲချလိုက်တော့မျက်လုံးမှိတ်ကာ လက်အုပ်ချီရင်း..

" အမျှ..အမျှ ယူပြီးရင်ကြွ...ရှုး ရှုး.. သွားတော့ သွားတော့.. "

" ဟေ့..ခင်ဗျား.. "

'Can' ကုတင်ပေါ်ကိုတင်ပလွှဲဝင်ထိုင်လိုက်ကာ
'ဇွဲ' ၏ပါးကို လက်ဖြင့် နှစ်ချက်လောက်ပုတ်လိုက်တော့ မျက်လုံးလေးတစ်ဖက်ကို မရဲတရဲဖွင့်ကာ ကြည့်လာပြီးနောက် 'Can' ကိုမြင်သည်နှင့် ချက်ချင်းထထိုင်ကာ ရင်ခွင်ထဲပစ်ဝင်လာသည်။

You're Killer, I'm Saver ( COMPLETE )Where stories live. Discover now