About Ngel'_U / Z

14.8K 685 65
                                    

U~

K 'လရိပ်ငယ်' အတွက် Fic တစ်ပုဒ်ရေးဖို့ အတည်ပြုလိုက်ပါပြီ...အမှန်တိုင်းပြောရရင်တော့ အစတုန်းကရေးဖို့အစီအစဉ်မရှိခဲ့ပါဘူး..

'လရိပ်ငယ်' က Part ( 1 ) မှာ ဇာတ်ကောင်တစ်ခု
အဖြစ်ပါဝင်ခဲ့ပြီးမှ 'သက်တံ့နေယံ' က တစ်ခြားတစ်ယောက်နဲ့ ဘဝကို ပျော်ရွှင်စွာဖြတ်သန်းသွားရတာ 'လရိပ်ငယ်' အတွက် မတရားဘူးလို့ ထင်ကြတဲ့သူတွေလည်း ရှိတယ်ပေါ့နော်....

'လရိပ်ငယ်' ကိုသနားနေကြတဲ့ လူတွေအတွက်
ရည်ရွယ်ပြီး ရေးဖို့ဆုံးဖြတ်လိုက်တာပါ...

ကိုယ်ပြောချင်တာတစ်ခုရှိပါသေးတယ်...
'သက်တံ့နေယံ' ကို သစ္စာမရှိတဲ့လူတစ်ယောက်လို့ ထင်မြင်ကြတဲ့ကိစ္စလေးပေါ့နော်...
'လရိပ်ငယ်' ဆုံးပြီး 2နှစ်ကြာမှ 'လရောင်ခြယ်' နဲ့
စတွေ့တာပါနော်....နောက်ထပ် 7နှစ်ကြာပြီးမှ
'နေယံ' က 'ခြယ်' ကိုလိုက်ရှာခဲ့တာပါ....
ကြားထဲမှာ စုစုပေါင်းအချိန် 9နှစ်ကြာခဲ့ပါတယ်နော်.... လူတိုင်းလို့မဆိုလိုပေမယ့် တစ်ချို့လူတွေရဲ့ ရင်ထဲမှာ မပိုင်ဆိုင်လိုက်ရပေမယ့် ရူးနေအောင်ချစ်ခဲ့ဖူးတဲ့ လူတစ်ယောက်ရှိကြပါတယ်နော်....လက်ရှိလက်တွဲဖော်က အချစ်ဆုံးဖြစ်နေခဲ့ရင်တောင် မသိစိတ်တဲ့တစ်နေရာမှာ အချစ်ဦးဆိုတဲ့ လူတွေကထာဝရရှင်သန်နေကြတာပါ...

Fic Name: Revival For You

About Fic...

'လရိပ်ငယ်' ရဲ့ဇာတ်လမ်း အကျဉ်းချုံးလေး
ပြောပြထားပါမယ်...ဇာတ်လမ်းက သဘာဝလွန်
စိတ်ကူးယဉ်ဇာတ်လမ်းပုံစံလေးပါ....
သေချာပေါက် You're Killer, I'm Saver
ကိုဖတ်ထားမှ ဇာတ်လမ်းကိုနားလည်မှာပါ...

Leon Country....

2013 ခုနှစ်....Leon ဆိုတဲ့နိုင်ငံကို ဘုရင်တစ်ပါးကအုပ်ချုပ်ပါတယ်...ဘုရင်အုပ်ချုပ်တယ်ဆိုပေမယ့် ရှေးခေတ်ပုံစံမျိုးမဟုတ်ပါဘူးနော်.. လက်ရှိခေတ်ပုံစံပါပဲ... အဲ့ဒီဘုရင်မှာ သားတော်နှစ်ပါးရှိတယ်.... အိမ်ရှေ့စံမင်းသားနဲ့ မင်းသားငယ် လို့ခေါ်ဝေါ်ကြတယ်...

အိမ်ရှေ့စံမင်းသားရဲ့ နာမည်က Rethor Leon ပါ... မင်းသားငယ်ရဲ့နာမည်က Union Leon ပါ..
Union က ဘုရင့်နန်းတော် အပြင်ဘက်က Leon မြို့တော်မှာ Coffee ဆိုင်ဖွင့်ပြီး အေးအေးချမ်းချမ်းနေနေတဲ့ကောင်လေးပေါ့...

You're Killer, I'm Saver ( COMPLETE )Where stories live. Discover now