( 5 ) U

33.8K 1.2K 66
                                    


ဒေါက်! ဒေါက် !

တံခါးခေါက်သံကြားသည်နှင့် 'မင်းသစ်' ကတံခါးကို အလိုက်တသိသွားဖွင့်သည်။ 'နေယံ' က အလုပ်စားပွဲတွင် ထိုင်နေကာဖိုင်တွေကြည့်နေပြီး ဘေးမှာတော့ 'သမိုင်း' က လက်နှစ်ဖက်နောက်ပစ်လျက်ရပ်နေသည်။ အခုရောက်နေသည်က The Rainbow Group ၏
12 လွှာ မြောက်က CEO ရုံးခန်းတွင်ဖြစ်သည်။
ယနေ့က 'နေယံ' ၏ပထမဆုံးရုံးတက်ရက်ဖြစ်သည်။ ရာထူးလွှဲပြောင်းသည့် ရှယ်ယာရှင် အစည်းအဝေးကိုလမ်းက ပေါက်စလေးကြောင့်
နောက်ကျမလိုတောင် ဖြစ်ခဲ့ရသေးသည်။

'မင်းသစ်' တံခါးဖွင့်ပေးလိုက်တော့ အတွင်းရေးမှူးမလေးက ဝင်လာကာ
'နေယံ' ရှေ့တွင် ကော်ဖီခွက်လေး ချပေးလာသည်။

" 'သမိုင်း' ဒီလူတွေရဲ့ လာဘ်စားထားတဲ့သက်သေတွေ ရှာလာခဲ့ တစ်နာရီအတွင်း လိုချင်တယ် "

" ဟုတ်ကဲ့ Boss "

" ပြီးရင် သက်သေနှင့်တကွ ဒီလူတွေအကုန်လုံးကို အလုပ်ထုတ်လိုက် "

" ဟုတ်ကဲ့ Boss"

'သမိုင်း' 'နေယံ' ကမ်းပေးလာသည့်ဖိုင်အားယူကာ အခန်းထဲမှ ထွက်လာလိုက်သည်။

" နာမည်က..."

'နေယံ' ကော်ဖီခွက်ကိုလှမ်းယူရင်း အတွင်းရေးမှူးမလေးအား ကြည့်ကာမေးလိုက်ခြင်းဖြစ်သည်။

" 'ဆုသစ္စာ' ပါရှင့် "

'နေယံ' ခေါင်းငြိမ့်ပြရင်း ကော်ဖီကိုသောက်မိတော့လျှာဖျားမှာ စွဲကပ်လာသည့် အချိုအရသာ.. 'နေယံ' ၏မျက်ခုံးတန်းတို့ တွန့်ချိုးသွားကာ ကော်ဖီခွက်ကို ပြန်ချလိုက်သည်။

" ချိုတယ်... နောက်ဆိုရင် အခါးပဲဖျော် သကြားလုံးဝမသုံးနဲ့ "

" ဟုတ်ကဲ့ သူဌေး "

" ဒါကိုယ့် Personal အတွင်းရေးမှုး 'မင်းသစ်' "

'နေယံ' ပြောလိုက်တော့ 'ဆု' က 'မင်းသစ်' ဘက်ကိုလှည့်ကာ ဖော်ရွေစွာပြုံးပြလိုက်သည်။
'မင်းသစ်'ကတော့ အပြုံးအရယ်မရှိအသိအမှတ်ပြုသလို ခေါင်းတစ်ချက်သာငြိမ့်ပြသည်။

" 'မင်းသစ်' ညီ ရက်ပိုင်းအတွင်း The World ကိုဦးစီးလိမ့်မယ် ညီ့ရဲ့အတွင်းရေးမှူးအဖြစ် သွားနေပေး "

You're Killer, I'm Saver ( COMPLETE )Where stories live. Discover now