( 12 ) U

30.2K 1.1K 93
                                    


Warning ⚠️

Warning ပိုင်းတွေကို Ss ရိုက်ပြီး လိုင်းပေါ်မတင်ကြပါနဲ့နော်.....။

စားသောက်ပြီးနောက်မှာတော့ 'နေယံ' နှင့် 'လမိုက်' ကပန်းကန်ဆေးနေခြင်းဖြစ်ရာ 'ရောင်ခြယ်' ကထမင်းစားပွဲတွင်ထိုင်၍ မိခင်ဖြစ်သူ 'ဒေါ်‌လမင်းမဒီ' နှင့် Video Call ပြောရန်ပြင်နေခြင်းဖြစ်သည်။ ယနေ့က 'ရောင်ခြယ်' ၏ နားရက်ဖြစ်တာကြောင့် မေမေက မျှော်နေမှာအမှန်ပင်....

' 'သားခြယ်' '

" ဗျာ.. ‌ဗျ.. "

' ဘာတွေပျော်စရာရှိလို့လည်း ပြုံးလို့ပျော်လို့ ... '

" ဟီး... အခုသားအိမ်မှာ ဘယ်သူရောက်နေလည်းသိလား "

' ဘယ်သူလည်း သားချစ်သူလား '

'ဒေါ်လမင်းမဒီ' ပြောလိုက်တော့ 'ရောင်ခြယ်' 'နေယံ' ကိုလှမ်းကြည့်မိသည်။

'ရောင်ခြယ်' အဓိကပြောချင်သူက 'လမိုက်' ကိုပင်....'နေယံ' နှင့်မိတ်ဆက်ပေးရန်အတွက် တိုင်ပင်ထားခြင်းမရှိတာကြောင့် 'ရောင်ခြယ်' ဘာပြန်ပြောရမည်မသိ....

ထိုစဉ် 'ရောင်ခြယ်' ၏ဘေးကိုလာကပ်ထိုင်ကာ ဖုန်း Screen ပေါ်က 'ဒေါ်လမင်းမဒီ' ကို ပြုံးပြလိုက်သည့် 'လမိုက်'....

" ကျွန်တော်ပါဗျ "

' ဟယ်.... သားကြီး '

" ဗျာ..... "

' ဘယ်တုန်းကပြန်ရောက်တာလည်း ဒီကြားထဲ အဆက်အသွယ်လည်းမလုပ်ဘူးသားရယ် သားမိဘတွေကော နေကောင်းရဲ့လား '

" မိဘတွေကတော့ ပဲရစ်မှာပဲ တီငယ်...နေကောင်းမကောင်းတော့ ကျွန်တော်လည်း မသိဘူး "

ပြုံးပြကာပြောနေသည့် ကလေးငယ်၏ ရင်ထဲတွင် မိဘတွေကို မည်မျှပင် နာကျည်းနေလိုက်မလည်းဟု 'ဒေါ်လမင်းမဒီ' တွေးလိုက်မိသည်။

' အေးကွယ်...သားမှာ တီငယ်ရှိတယ်နော်..သားညီလေးလည်း ရှိတာပဲ... ဘာမှအားမငယ်နဲ့နော်
တီငယ်တို့က အများကြီးပိုချစ်ပေးပါ့မယ်ကွယ် '

" အဲ့တာကြောင့် တီငယ့်ကို ချစ်နေရတာ "

' အမယ်လေး..ဟုတ်ပါပြီ သားညီနဲ့အတူတူ ပြင်ဦးလွင်ကို လာခဲ့ဦးနော် '

You're Killer, I'm Saver ( COMPLETE )Where stories live. Discover now