About Nay Yan_ U / Z

14.7K 672 31
                                    

U~

'နေယံ' နဲ့ပက်သက်ပြီးပြောပြချင်တာလေးရှိလို့ပါ...အမေးများတာလေးပေါ့...

'နေယံ' က 'လ‌ရောင်ခြယ်' ကို 'လရိပ်ငယ်' နဲ့တူလို့ချစ်တာလား....Part ( 4 ) မှာ 'နေယံ' ပြောခဲ့တဲ့
'လရောင်ခြယ်' က သက်ဆိုင်ခဲ့သူ 'လရိပ်ငယ်' နဲ့ဆင်တယ်ဆိုတဲ့စကားက နာမည်ဆင်တာကို
ပြောချင်တာပါနော်...

'လရိပ်ငယ်' ရဲ့ပုံစံက 'နေယံ' နဲ့အရပ်အမောင်းမတိမ်းမယိမ်း...Body မတိမ်းမယိမ်းပါနော်..
'နေယံ' ရဲ့အနားမှာသာ ချွဲနေတက်ပေမယ့် သူ့ရဲ့နဂိုပုံစံက ဂျစ်ကန်ကန်လူဆိုးလေးပါ...အတန်းဖော်တွေအစက 'လရိပ်ငယ်' ကိုအထက်ပုဂ္ဂိုလ်လို့ထင်ကြတဲ့ပုံစံမျိုးပါ....

'လရောင်ခြယ်' ရဲ့အရပ်က 'နေယံ' ရဲ့ပုခုံလောက်ပဲရှိတာပါနော်....လူကောင်သေးသေးလေးနဲ့ Cute Boy ပုံစံမျိုးပါ....

နောက်တစ်ခုက 'နေယံ' က 'လရောင်ခြယ်' ကို
မချစ်ဘဲတွဲတာလား ဆိုတာလေးပါ...
'နေယံ' နဲ့ 'လရောင်ခြယ်' ရဲ့ပထမဆုံး တွေ့ဆုံမှုမှာတင် 'ခြယ်' က 'နေယံ' ရဲ့မသိစိတ်တစ်နေရာမှာ နေရာယူထားပြီးသားပါနော်...အဲ့တာကြောင့်မလို့ 7နှစ်ကြာပြီးတဲ့အချိန်မှာ ပြန်ရှာခဲ့တာပါ....
7နှစ်လုံး 'ခြယ်' ကသူ့စိတ်ရဲ့ တစ်နေရာမှာ
နေရာယူထားတာပါ....'ဇွဲ' မေးတိုင်း သူရှောင်ထွက်တက်တယ်... ချစ်တယ်ဆိုတဲ့စကားထက်
သဘောကျတယ်လို့ သူအမြဲပြောနေခဲ့တာက
သူ 'လရိပ်ငယ်' အပေါ်မှာအားနာစိတ်လေး
ဖြစ်နေတာမလို့ပါ...သူဝန်မခံရဲတဲ့သဘောပါ..
'လမိုက်ည' က 'ခြယ်' နဲ့ မိဘချင်းသဘောတူထားတဲ့လူအဖြစ် ဟန်ဆောင်လိုက်တာက 'နေယံ' က
သူ့ညီ 'လရောင်ခြယ်' ကိုတကယ်ချစ်မချစ်သိချင်လို့ပါ...အဲ့ဒီအပိုင်းမှာ 'နေယံ' က 'ခြယ်' ကို
စိတ်ဆိုးပြီးစကားမပြောတာက 'ခြယ်' က
'လမိုက်ည' ကို သူ့Condo မှာနေခိုင်းမယ်ပြောလို့
သဝန်တိုပြီး စိတ်ဆိုးတာပါ....

နောက်ထပ်တစ်ခုက ဇာတ်လမ်းရဲ့အစမှာ 'နေယံ' တို့အကြောင်းကသိပ်မပါဘဲ 'သက်တံ့နယ်မြေ' တို့သူငယ်ချင်းလေးယောက်အကြောင်းကများတဲ့ ကိစ္စပါ....

ကိုယ်က Part ( 1 ) မှာ 'လရိပ်ငယ်' ကိုဇာတ်ကောင်တစ်ခုအနေနဲ့ပါဝင်စေခဲ့တော့ အပိုင်းနှစ်လည်းရောက်ရော ဝုန်း!ဒိုင်း!ဆိုပြီး
'လရောင်ခြယ်' နဲ့အကြောင်းကို မရောက်သွားစေချင်ဘူးပေါ့နော်... ကြားထဲမှာ တခြားအကြောင်းအရာလေးတွေပါနေတော့ 'လရိပ်ငယ်' နဲ့အကြောင်းလေးကို မေ့တေ့တေ့ဖြစ်တော့မှ 'လရောင်ခြယ်' ကိုပေါ်ထွက်လာစေချင်လို့ပါ....

You're Killer, I'm Saver ( COMPLETE )Where stories live. Discover now