( 20 ) U / Z

28K 1.1K 77
                                    

U~

" အား.... "

သံတုတ်နှင့်လွှဲရိုက်ချလိုက်သည်နှင့် ထိုလူမှာကြမ်းပြင်ပေါ်ပြုတ်ကျသွားကာ အားပါသည့်ရိုက်ချက်ကြောင့် လူတစ်ကိုယ်လုံးအရိုးများကျိုးကျေသွားသယောင်... 'နေယံ' တစ်ယောက်သံတုတ်ကိုင်ကာ 'လမိုက်' ဖမ်းထားသည့်လူသုံးယောက်အား ရိုက်နှက်နေခြင်းဖြစ်သည်။
'လမိုက်' နှင့် အဖွဲ့ဝင်များကတော့ ဘေးကနေသာရပ်ကြည့်နေကြသည်။ 'နေယံ' တစ်ယောက်စိတ်လွှတ်လက်လွှတ်ရိုက်နှက်နေခြင်းဖြစ်သည်။

" 'နေယံ'! "

'လမိုက်' ကိုလှည့်ကြည့်လာခြင်းမရှိဘဲ ဆက်၍ရိုက်နှက်နေသဖြင့်....

" တော်တော့လို့!! အောက်ကကောင်တွေသေသွားပြီ! "

ထိုအခါမှ သံတုတ်ကိုလွှတ်ချလိုက်ကာ ငိုင်ငိုင်ကြီးရပ်နေပြန်သည်။ 'လမိုက်' 'ဇွဲ' ကိုဖုန်းဆက်ကာလှမ်းခေါ်ရသည်။ သူ 'နေယံ' ၏အနားတွင် အဖော်ပြုပြီး မနေပေးနိုင်ပေ... ယုန်ပေါက်ဆီပြန်မှဖြစ်မည်။ ချက်ချင်းဆိုသလို အခန်းပြင်ထွက်သွားသူကြောင့် 'လမိုက်' လှမ်းအော်ကာမေးရသေးသည်။

" အဲ့တာ ဘယ်လည်း! "

" ငယ့် ဆီသွားမလို့ "

' လမိုက်' လည်း သက်ပြင်းချကာ 'ဇွဲ' ကို Message ပို့၍ Condo ကိုအလျင်အမြန်သွားရသည်။ Condo ရောက်တော့ 'ရောင်ခြယ်' ၏အခန်းကိုထုရိုက်ကာ ဖွင့်ခိုင်းသော်လည်းမရသဖြင့် သော့အပိုနှင့်ဖွင့်ဝင်လိုက်တော့ ဆီးကြိုနေသည်က မှောင်မဲနေသည့်အခန်းပင်...မီးဖွင့်လိုက်တော့ အခန်းထောင့်မှာထိုင်ကာ ဒူးပိုက်ပြီး ထိုင်ငိုနေသည့် 'ရောင်ခြယ်'... 'လမိုက်' အပြေးသွားကာ ရင်ခွင်ထဲထွေးပွေ့လိုက်တော့ ပိုတိုးလို့ပင် ရှိုက်ငိုလာသေးသည်။

" ယုန်ပေါက်.. ဟိုလူတွေကို ကိုကြီးရှင်းလိုက်ပြီ "

" ကိုကြီး သိနေတာလား... ဒါဆို ကိုကိုရော သိသွားပြီလား "

" အင်း... "

" အီးဟီး....ကိုကိုကသားကိုမုန်းသွားပြီထင်တယ်
ကိုကြီး ဘယ်လိုလုပ်ရမလည်း သား ဘယ်လိုလုပ်ရမလည်း ကိုကို့ကို.... ကိုကို့ကိုသားချစ်တယ်
ကိုကို့ကို သားကအရမ်းချစ်တာလို့! "

You're Killer, I'm Saver ( COMPLETE )Where stories live. Discover now