( 17 ) U

29.6K 1K 80
                                    


Warning ⚠️

Warning ပိုင်းတွေကို Ss ရိုက်ပြီး လိုင်းပေါ်မတင်ကြပါနဲ့နော်....။

မီးရောင်စုံများကြား ကခုန်နေကြသူများနှင့် အပေါင်းအပါတို့ဖြင့် ထိုင်ကာသောက်စားနေကြသူများ၏ အကြည့်တို့က အူကြောင်ကြောင်ရုပ်လေးတွေဖြင့် ဝင်လာကြသည့် သုံးယောက်ဆီမှာသာ...

'ရောင်ခြယ်' ကကော်ဖီရောင်ဆံပင်ဖျော့ဖျော့အား ခပ်အုပ်အုပ်ချကာ ရှပ်လက်ရှည်အဝါနုရောင်အပွကို ဘောင်းဘီဒဲ့ပွအဖြူရှည်လေးနှင့်တွဲဝတ်ဆင်ထားခြင်းဖြစ်သည်။ 'ဇွဲ' လည်း 'ရောင်ခြယ်' နည်းတူပင် အနက်ရောင်ဆံပင်တို့အား ခပ်အုပ်အုပ်ချကာ ရှပ်လက်ရှည်အဖြူရောင်အပွကို ဘောင်းဘီဒဲ့ပွအဖြူလေးနှင့် တွဲဝတ်ထားသည်။
'ဒီခေတ်' ကမဟော်ဂနီရောင်ဆံပင်တို့အား ခပ်အုပ်အုပ်ချထားကာ ခရမ်းနုရောင်ရှပ်လက်ရှည်အပွကို ဘောင်းဘီဒဲ့ပွအဖြူနှင့်တွဲဝတ်ထားသည်။ 'ရောင်ခြယ်' တို့သုံးယောက် ဒီဇိုင်းတူ အရောင်ကွဲလေး ဆင်တူဝတ်ထားခြင်းဖြစ်သည်။

'ရောင်ခြယ်' တို့သုံးယောက်ခပ်တည်တည်ပင် ဝင်လာကြကာ စင်‌ပေါ်တွင် ဖျော်ဖြေနေသူတို့အား ကြည့်ရန်စင်၏မလှမ်းမကမ်း အောက်ဘက်တနေရာတွင် သွား၍ မတ်တပ်ရပ်ကာ နေရာယူသည်။

'ရောင်ခြယ်' ကအလယ်ကဖြစ်ကာ ဘေးတစ်ဖက်စီမှာတော့ 'ဒီခေတ်' နှင့် 'ဇွဲ' ကနေရာယူသည်။ စင်ပေါ်တွင် ယောက်ျားငါးယောက်က အပေါ်ပိုင်းဗလာကျင်းနှင့်ဖြစ်ကာ ကြီးမားကျယ်ပြန့်သည့်
ရင်အုပ်ကျယ်ကျယ်နှင့် ကြီးမားသည့် ဗိုက်ကြွက်သားအဖုအထစ်တို့က မိမိုက်စွာ...သန်မာပြီးကြီးမားသည့် လက်မောင်းကြွက်သားတို့ကလည်းထင်းနေကာ DJ နှင့်အတူ ကပြဖျော်ဖြေနေကြသည်။ 'ရောင်ခြယ်' တို့သုံးယောက် DJနှင့်အတူ လိုက်၍ကခုန်ရင်း ကကြတော့ စင်ပေါ်ကလူတွေက 'ရောင်ခြယ်' တို့အုပ်စုဘက်ကို သိသိသာသာပင်လှည့်ကာ ကပြဖျော်ဖြေသည်။
သီချင်းတစ်ပုဒ်အဆုံးသတ်သွားတော့ ထိုထဲမှ ခေါင်းဆောင်ဟုထင်ရသူက မိုက်ကိုလှမ်းယူကာ..

" ဟိုဘက်က ကောင်လေးတွေ...အသစ်တွေထင်တယ်နော် အရင်ညက မတွေ့သလိုပဲ "

'ရောင်ခြယ်' တို့အုပ်စုကို လက်ညိုးထိုးကာပြောလာသဖြင့် သူတို့လည်း ခေါင်းငြိမ့်ပြလိုက်သည်။

You're Killer, I'm Saver ( COMPLETE )Where stories live. Discover now