( 24 ) U / Z

26.5K 1K 119
                                    

U~

'ဒေါ်ပန်းရနံ့' ဧည့်ခန်းထဲရှိ ကျွန်းထိုင်ခုံတွင်ထိုင်နေရင်းစိတ်လှုပ်ရှားစွာဖြင့် အိမ်အဝင်ဝဘက်ကို
မျှော်မျှော်ကြည့်နေမိသည်။ ဒီနေ့က သားဖြစ်သူနှင့် မောင်ဖြစ်သူတို့မှာ သူတို့၏ ချစ်သူတို့ဖြင့် မိတ်ဆတ်ပေးမည်ဟုဆိုသောကြောင့်ဖြစ်သည်။

အိမ်ကမောင်ဖြစ်သူလူပျိုသိုးကြီးကို ချစ်တက်လာအောင် လုပ်ပေးတဲ့ အမျိုးသမီးလေးက ဘယ်သူများဖြစ်မလည်း...အခုချိန်ထိ အမေဖြစ်သူအနားတွင် ကပ်ချွဲနေသည့် သားလေးကရော ဘယ်လိုမိန်းကလေးမျိုးနဲ့ တွေ့ဆုံချစ်ကြိုက်ခဲ့သလည်း....

အတွေးတို့နှင့်လွှဲချော်ကာ အိမ်ထဲကိုဝင်လာကြသည့် အမျိုးသားလေးယောက်ကြောင့် 'ဒေါ်ပန်းရနံ့' တစ်ယောက် သွေးများပင်ဆောင့်တက်ချင်သွားရသည်။ 'ဇွဲ' က 'Can' ၏လက်မောင်းကိုချိတ်ကာ ရှေ့မှဝင်လာ၍ 'ညဉ့်ဦးယံ' နှင့် 'လင်းမြတ်' မှာတော့ တစ်ယောက်လက် တစ်ယောက်တွဲကာ အနောက်မှဝင်လာကြသည်။

" မေမေ... ဒါသားကောင်လေး နာမည်က 'Can' "

" မေမေ တွေ့ရတာဝမ်းသာပါတယ်ဗျ! "

'Can' ကခါးကျိုးမတက်ပင်ခေါင်းငုံ့ကာ အရိုအသေပြုရင်း ပြောလာသည်။

" မမ... ဒါကျွန်တော့်ကောင်လေး နာမည်က 'လင်းစေရာ'... "

" တွေ့ရတာဝမ်းသာပါတယ်ဗျ! "

" အမယ်လေး 'ဒေါ်မြ' ရေ!! ကျွန်မကိုရှုဆေးဘူးလေး ယူလာပေးပါဦး!! "

'ဒေါ်ပန်းရနံ့' တစ်ယောက်နားထင်တို့အား ဖိနှိပ်ကာပြောလိုက်တော့ 'ဇွဲ' နှင့် 'ညဉ့်ဦးယံ' မှာ
'ဒေါ်ပန်းရနံ့' ၏တစ်ဖက်စီတွင် ဝင်ထိုင်လိုက်ကြရင်း.....

" မမ ရရဲ့လား.."

" မေမေ စိတ်လျှော့ စိတ်လျှော့ "

'ညဉ့်ဦးယံ' ကမေးရင်းဖြင့် 'ဒေါ်ပန်းရနံ့' ၏လက်ကိုဆွဲယူကာ သွေးခုန်နှုန်းတွေစမ်းနေသလို 'ဇွဲ' ကလည်းဘေးက သတင်းစာကြီးကောက်ကိုင်ကာ
ယပ်ခပ်ပေးနေသည်။ 'ဒေါ်မြ' ကလည်း ရူဆေးဘူးကိုယူလာပေးကာ ရူစေသည်။

'လင်းစေရာ' နှင့် 'Can' မှာတစ်ယောက်ကို တစ်ယောက်ကြည့်ကာ ကြောင်တောင်တောင်လေးရပ်နေကြသည်။ 'ဒေါ်ပန်းရနံ့' မတ်တပ်ထရပ်လိုက်ကာ....

You're Killer, I'm Saver ( COMPLETE )Where stories live. Discover now