( 18 ) U / Z

30.7K 1K 72
                                    

U~

" 'Hiss'..ရပြီမောင်း "

'Can' ကားပေါ်သို့တက်ကာ ပြောလိုက်သည်နှင့် 'သမိုင်း' ကချက်ချင်းပင် ကားကိုအမြန်နှုန်းနှင့်မောင်းထွက်သွားသည်။ 'Can' ကရေသန့်ဘူးတစ်ဘူးယူကာ ပလုတ်ကျင်းနေသည်မှာ မပြီးနိုင်မစီးနိုင်ပင်... ရေတစ်ဘူးကုန်သွားတော့မှ 'သမိုင်း' ဘက်လှည့်လာကာ...

" 'Hiss' တံတွေးကနေ ကူးစက်တက်တဲ့ရောဂါ
တွေရှိတယ်မလား...ငါဆေးသွားစစ်မှရမယ် "

" စစ်လိုက်တာ ကောင်းတယ် "

" အင်း... "

'Can' နှင့် 'သမိုင်း ' 'ဦးမိုးမြင့်သူ' ၏နေအိမ်မှ ထွက်လာခဲ့ကြခြင်းဖြစ်သည်။ 'ဦးမိုးမြင့်သူ' ၏နေအိမ်ကိုဝင်ခွင့်ရရန် 'Can' အတော်ကြိုးစားခဲ့ရသည်။ ဒီညဝင်ခွင့်ရသည်မှာလည်း Sex လုပ်ရန်အတွက်ဖြစ်သည်။ 'Can'က အိပ်ဆေးခတ်ထားကာ ထိုလူအိပ်မပျော်မခြင်း နှုတ်ခမ်းတို့အား
နမ်းခဲ့ရသဖြင့် ပါးစပ်ပြုတ်ထွက်မတက် ပလုတ်ကျင်းနေခြင်းဖြစ်သည်။

" မင်းပုံစံက မသိရင် ခိုးရာလိုက်မယ့်ပုံစံနဲ့ "

" ခွေးကောင်!! "

'ဇွဲ' အော်လိုက်တော့ 'နေယံ' ကရယ်သည်။ 'ဇွဲ' နှင့် 'နေယံ' လမ်းဆုံတစ်နေရာတွင်ရောက်နေခြင်းဖြစ်ရာ 'ဇွဲ' ကအဝတ်အစားအနည်းငယ်ထည့်ထားသည့် ကျောပိုးအိတ်ကို တစ်ဖက်ထဲလွယ်ကာရပ်နေ‌၍ 'နေယံ' က ကားBody ကိုမှီကာ ရပ်နေခြင်းဖြစ်သည်။ မကြာပါ ကားတစ်စီးရောက်လာကာ ကားပေါ်မှဆင်းလာသူက 'သမိုင်း' နှင့် 'Can' ဖြစ်သည်။

'Can' က ဖိုင်အချို့နှင့်အသံသွင်းစက်ပါသည့် ဘောပင်ကို 'သမိုင်း' ကိုလွှဲပေးလိုက်သည်။ ထို့နောက် 'Can' ကမောင်းသူနေရာဝင်ထိုင်ကာ
Lover Seat မှာ ဝင်ထိုင်လာသူက 'ဇွဲ' ဖြစ်သည်။ ကားမထွက်ခင်မှာ 'Can' ကကားမှန်ကိုချကာ...

" ကျွန်တော်တာဝန်ကျေတယ်နော် Boss!
အဲ့တာ Bonus လေးလွှဲပေးဦးနော် ဟီး... "

" မင်းအချိန်ပြည့် Bonus ပဲတောင်းနေတာ
ဘာလုပ်မလို့လည်း "

" ယောက်ျားယူဖို့ ပိုက်ဆံစုနေတာလေ Boss ရ..
အာ့! နာတယ် "

'Can' က 'နေယံ' ကိုလှမ်းပြောနေတုန်းမှာပင် 'ဇွဲ' က 'Can' ၏ဗိုက်ကိုလိမ်ဆွဲလိုက်ခြင်းဖြစ်သည်။
'Can'တို့ကားထွက်သွားတော့မှ 'သမိုင်း' ကမောင်းသူနေရာဝင်ထိုင်ကာ 'နေယံ' ကကားနောက်ခန်းမှာဝင်ထိုင်၍ ထိုနေရာမှထွက်လာခဲ့ကြသည်။ 'Can' က 'ဦးမိုးမြင့်သူ' ကိုအိပ်ဆေးခတ်ကာ အရေးကြီးသည့်အချက်အလက်များကို
ခိုးလာခြင်းကြောင့် ထိုလူနိုးလာသည်နှင့် 'Can' ကိုမြေလှန်ရှာတော့မှာဖြစ်သည်။ ထို့ကြောင့် 'Can' နှင့် 'ဇွဲ' က မြို့ထဲမှထွက်ကာ တိမ်းရှောင်နေမှာဖြစ်ကာ 'နေယံ' က 'Can' ယူလာသည့် အချက်အလက်များနှင့် The Sky Group ကိုဖြုတ်ချမှာဖြစ်သည်။

You're Killer, I'm Saver ( COMPLETE )Where stories live. Discover now