( 8 ) U

32.4K 1.2K 111
                                    


Warning ⚠️

Warning ပိုင်းတွေကို Ss ရိုက်ပြီး လိုင်းပေါ်မတင်ကြပါနဲ့နော်.....။

" 'နေယံ'!! "

'နေယံ' ဖုန်းခေါ်မလို့ပြင်နေတုန်းမှာပင် ခေါ်သံကြောင့် လှည့်ကြည့်လိုက်တော့ 'ဇွဲ' က ဆိုင်ရှေ့တွင်ရောက်နေပြီဖြစ်သည်။ 'ဇွဲ' ကိုမြင်သည်နှင့် 'နေယံ' ဘေးမှာရပ်နေသည့် 'ရောင်ခြယ်' ၏လက်ကိုဆွဲကာ ဆိုင်ဘက်ကိုဦးတည်လိုက်သည်။

ထောင့်ကျသည့်ဝိုင်းတွင် 'ဇွဲ' ကတစ်ဖက်ထိုင်ကာ
မျက်နှာချင်းဆိုင်တွင် 'ရောင်ခြယ်' နှင့် 'နေယံ'
ဝင်ထိုင်လိုက်ကြသည်။

" 'ခြယ်' ဒါ..ကိုယ့်ငယ်သူငယ်ချင်း 'ဇွဲနောင်' "

" တွေ့ရတာဝမ်းသာပါတယ်ဗျ.. ကျွန်တော့်နာမည် 'လရောင်ခြယ်' ပါ "

" ကိုယ်လည်းဝမ်းသာပါတယ် 'ခြယ်' "

" အဟမ်း!! "

'ဇွဲ' နှင့် 'ရောင်ခြယ်' တစ်ယောက်ကိုတစ်ယောက် ပြုံးပြကာ မိတ်ဆက်နေခြင်းဖြစ်ရာ ဘေးကနေ ချောင်းဟန့်လာသည့် 'နေယံ' ကြောင့် နှစ်ယောက်လုံးက လှည့်ကြည့်လာကြသည်။

" 'ရောင်ခြယ်' လို့ခေါ် "

'နေယံ' ပြောလိုက်တော့ 'ဇွဲ' ကဖြစ်နေလိုက်တာဟူသည့် မျက်နှာဘေးနှင့်ကြည့်လာသည်။ ထိုစဉ်အနားကို ဝန်ထမ်းမလေး ရောက်လာကာ Menu စာအုပ်ကိုချပေးလာသည်။ 'နေယံ' က စာအုပ်ကို ယူကာ 'ရောင်ခြယ်' ရှေ့ကိုတိုးပေးလိုက်သည်။

" 'ခြယ်' ...ဘာစားချင်လည်း "

" မာလာရှမ်းကောကိုလေ အရွက်များများနဲ့
စပ်စပ်လေးစားချင်တယ် "

" ဟုတ်ပြီ...အအေးကောဘာသောက်မလည်း "

" Bubble Tea သောက်မယ်"

'နေယံ' ကခေါင်းငြိမ့်ပြပြီးနောက် 'ဇွဲ' ဘက်သို့လှည့်ကာ....

" အရင်လိုပဲလား "

" အင်း "

'နေယံ' က 'ရောင်ခြယ်' အတွက် 'မာလာရှမ်းကောနှင့် Bubble Tea မှာကာ သူနှင့် 'ဇွဲ' အတွက် ‌ကြေးအိုးနှစ်ပွဲနှင့် Black Tea နှစ်ခွက်ကိုမှာလိုက်သည်။

" 'ရောင်ခြယ်' ကအခု Han Hospital မှာ လုပ်နေတာဆို အဆင်ပြေရဲ့လား "

" ဟုတ်... ဆေးရုံအုပ်နဲ့မတည့်တာကလွဲရင်
ကျန်တာအကုန်အဆင်ပြေတယ် "

You're Killer, I'm Saver ( COMPLETE )Where stories live. Discover now