03

1.4K 239 12
                                    

{Zawgyi}

[ အကျဉ်းချုပ် : ကောင်းကင်ဘုံကီးက ကျွန်တော့်အပေါ် ဟာသတွေလုပ်တောပ်လိုက်ယ်ဆိုင် ကျွန်တော့်ရဲ့ပြီးညြ့်စုံလှတဲ့ချစ်ပြိုင်က်ကိုတောင် ဒူးထောက်ပေးနိုင်ယ်။ ]

•ရှောင်ဟန်း•

လက်ရှိအချိန်မှာ ရှမင်ရှုရဲ့အောင်မြင်မှုက လော့ယွီချန်အောက် လျော့မနေဘူး။

သို့ပေမယ့် အထက်စီးဆန်တဲ့အပြုအမူမျိုး မောက်မာမှုမျိုး မရှိတာကြောင့် လူတွေနဲ့ဆက်ဆံရေးက နာမည်ကျော်လော့ထက် အများကြီးပိုကောင်းတယ်။

သေချာပေါက် သူတို့ရဲ့လမ်းကြောင်းတွေက ကွဲပြားတာကြောင့်လည်း ဖြစ်နိုင်တယ်။

ယေဘုယျအားဖြင့် လော့ယွီချန်က အဆိုတော်တစ်ယောက်ဖြစ်ပြီး ရှမင်ရှုက သရုပ်ဆောင်တစ်ယောက်လို့ ပြောနိုင်တယ်။ လော့ယွီချန်ရဲ့လေးနက်မှုနဲ့ စိတ်ကြီးဝင်မှုတို့က စင်ပေါ်မှာ အလွန်ကို တောက်ပနေတတ်ပြီး ကြီးမားတဲ့ဖန်သားပြင်ပေါ်က ရှမင်ရှုရဲ့ အိမ်ဘေးကကောင်လေးပုံရိပ်ကလည်း မြောက်မြားစွာသော မလည်မဝယ်မိန်းမငယ်လေးတွေကို အရူးအမူးချစ်ခင်လာစေဖို့ အောင်အောင်မြင်မြင်လုပ်နိုင်ခဲ့တယ်။

အခုချိန်မှာ ထိုသိမ်မွေ့တဲ့လူငယ်လေးက နာမည်ကျော်ကြီးရဲ့လုပ်ပုံကိုင်ပုံကို ဘေးနားလေးကနေ ရပ်ပြီးကြည့်နေတယ်။

သူရှိနေတဲ့နေရာက ဆေးကွာနေတဲ့နံရံကြီးက ခမ်းနားလှတဲ့ရောမတိုင်လုံးကြီးတွေလို ဟောင်းနွမ်းစုတ်ပြတ်နေတဲ့ခုံတန်းက ပလ္လင်တစ်လိုပြောင်းသွားတဲ့ပုံ ပေါ်တယ်။

ရှမင်ရှုက မင်းသားလေးတစ်ပါးလို ကျက်သရေရှိပြီး သူ့ရဲ့လက်ရှိအပြုံးကတောင် သူ့ရဲ့ဒရမ်မာတွေထဲက သည်းသည်းလှုပ်အချစ်ခံရတဲ့ မူပိုင်ပုံလေးတွေထဲကတစ်ခုထက်တောင် ပိုပြီးမျက်စိကျိန်းလောက်အောင် အရောင်လက်နေတယ်။

Like Love But Not [ ဘာသာပြန် ]Where stories live. Discover now