34

1.4K 239 24
                                    

{Zawgyi}

[ အကျဉ်းချုပ် : ငါက မင်းကို တကယ်ထိချင်ယ်လို့များင်းင်တောလား ]

•လော့ယွီချန်•

အချိန်အကြာကြီးတိမ်မြုပ်နေခဲ့ပြီး အကြိမ်ပေါင်းများစွာ သေဆုံးခဲ့ရတဲ့ဒီအချစ်က အရင်လိုမျိုး ပြန်လှည့်လာနိုင်လိမ့်မယ်လို့ ကျွန်တော် ဘယ်တုန်းကမှ မသိခဲ့ဘူး။

ဘာဆိုဘာမှမသိဘဲ ဒီလိုချိနဲ့တဲ့လောင်းရိပ်တစ်ခုမှာ စုတ်ပြတ်သတ်နေခဲ့ပြီဖြစ်တဲ့ ကျွန်တော်က ပင်လယ်ကြီးလောက်နက်ရှိုင်းတဲ့ ဒီအချစ်ကို ထမ်းပိုးနိုင်ပါ့မလားဆိုတာ ကျွန်တော် မသိဘူး။

ချီတုံချတုံနဲ့ တုန်လှုပ်တတ်ပြီး သူရဲဘောကြောင်သူ။ ကျွန်တော့်ရဲ့အသုံးမကျမှုကို ကျွန်တော့်ဖာသာ ခါးသက်စွာ လှောင်ရယ်လိုက်တယ် _ ဒီလောက်ထိတောင် လာခဲ့ပြီးပြီပဲ လော့ယွီချန်ကတော့ အဲ့လော့ယွီချန် ဖြစ်နေတုန်းပဲ။

တကယ်လို့ အခုချိန်မှာ ရှောင်ဟန်းနိုးသွားပြီး ကျွန်တော့်ရဲ့ဇဝေဇဝါဖြစ်နေပုံ၊ ကျွန်တော့်ရဲ့ တုန်လှုပ်နေတဲ့ပုံကိုမြင်သွားရင် သူ ဘယ်လောက်တောင် ဝမ်းနည်းသွားလိုက်မလဲ?

ကျွန်တော် ဘာလုပ်သင့်မှန်း ကျွန်တော် ရှင်းရှင်းလင်းလင်းသိတယ်။ သူ့ကို ဘယ်လိုမျိုး သေသေချာချာ တန်ဖိုးထားရမယ်ဆိုတာကိုလည်း ဆုံးဖြတ်ပြီးခဲ့ပြီဖြစ်တယ်။

ဒါပေမယ့် သူ့ရဲ့အချစ်အတွက် ကျွန်တော့်ဆီမှာ တာဝန်ယူနိုင်စွမ်း ရှိပါ့မလားဆိုတာ ကျွန်တော် မယုံကြည်နိုင်သေးဘူး၊ သူ့ရဲ့အချစ်ခံဖို့ ကျွန်တော့်မှာ အရည်အချင်းတွေ ပြည့်မှီပါ့မလားဆိုတာ ကျွန်တော် မယုံနိုင်ဘူး။

ရှောင်ဟန်း ဘယ်လိုလုပ်ပြီး ဒီလိုလူတစ်ယောက်အတွက် မင်းကိုယ်မင်း ထိခိုက်အောင် လုပ်နိုင်ရတာလဲ?

ကျွန်တော် သူ့အိပ်ရာဘေးမှာ ဒူးတစ်ဝက်ထောက်ချလိုက်တယ်။ ဖန်းရှဲ့ယိကတော့ ဘယ်တုန်းကမှမသိ တိတ်တိတ်လေး ထွက်သွားပြီဖြစ်ကာ ဒီလိုမျိုး မှောင်မိုက်နေပေမယ့် ဆိတ်ငြိမ်တဲ့နေရာလေး ချန်ထားပေးခဲ့တယ်။

Like Love But Not [ ဘာသာပြန် ]Where stories live. Discover now