42

1K 146 13
                                    

{Zawgyi}

[ အကျဉ်းချုပ် : သူတို့နှစ်ယောက်ပဲ အဓိကဇာတ်ကောင်တွေစ်ယောက်မှပ်ါလာဘူး! ]

•အချပ်ပို : ပင်မနယ်မြေတိုက်ပွဲ (နောက်ပိုင်း)•

ဧည့်သည်တွေ့ဆုံခန်းတွင်ဖြစ်သည်။

နှစ်မီတာလောက် အရပ်ရှည်တဲ့ အာရှလူမျိုး ပါပါးလုရဲ့မျက်လုံးတွေက ဖန်းရှဲ့ယိရဲ့ပုခုံးတွေပေါ်က ကျော်ဖြတ်သွားပြီး အဲ့နောက်မှာ လုဝေ့ရှီရဲ့ခေါင်းကို ဖတ်ခနဲရိုက်လိုက်ရင်း ဖန်းရှဲ့ယိကို နောင်တရစွာ ပြောနေတော့တယ်။

"ဦးလေးတောင်းပန်ပါတယ် လူငယ်လေးရယ်၊ အဲ့တာက ဦးလေးတို့ ရှောင်လုရဲ့အမှားတွေချည်းပါပဲ၊ သူ့စိတ်ထဲမှာက လိင်မှုကိစ္စနဲ့ပဲ ပြည့်နေလို့ ဒီလိုကိစ္စမျိုး ဖြစ်သွားတာပါ! ဒါပေမယ့် ကျေးဇူးပြုပြီး မစိုးရိမ်ပါနဲ့ ဦးလေးတို့မိသားစုက အဆုံးထိ သေချာပေါက် တာဝန်ယူပေးပါ့မယ်!"

ဆန့်ကျင်ဘက်အနေနဲ့ ရွှေရောင်ဆံပင် ပြာလဲ့လဲ့မျက်လုံးတွေနဲ့ မာမားလုကတော့ အလွန်အမင်းစိတ်လှုပ်ရှားနေတယ်။ "သူ့မျက်လုံးတွေက တော်တော့်ကိုကြည့်ကောင်းတာပဲ၊ ဆံပင်နက်နက်၊ မျက်လုံးနက်နက်လေးရှိတဲ့တွဲဖက်က ကြည့်အကောင်းဆုံးပဲ၊ ဒီမာမားကြီး တအားကျေနပ်တယ်"

လုဝေ့ရှီရဲ့ဝမ်းကွဲအစ်မက သူ့ရဲ့သွယ်လျဖြူနုနေတဲ့လက်ချောင်းတွေကို သုံးကာ ဖန်းရှဲ့ယိရဲ့ပုခုံးတွေကို တိုက်ရိုက်ကြီး သွားညှစ်ကြည့်ပြီး အတော်လေးအားရသွားတဲ့ ခံစားချက်ကို ရလိုက်သလိုမျိုး ပုံပေါ်လာတယ် "နင်က ငါ့လို အံ့ဩမှင်သက်လောက်အောင်လှတဲ့ မိန်းမမျိုးကို ဘယ်တုန်းကမှ နှစ်ခါပြန်တောင်မကြည့်ခဲ့တာကို မအံ့ဩတော့ပါဘူး၊ ဖြစ်ချင်တော့ နင်က နေ့ခင်းကြောင်တောင်ကြီး ဒီလိုမျိုးကိစ္စကို မျက်နှာပြောင်တိုက်ပြီး လုပ်နိုင်တဲ့အထိ ယောကျာ်းတွေကို သဘောကျနေတာကိုး၊ ဒါပေမယ့် တကယ်ပြောတာ၊ အရည်အသွေးကတော့ ထိပ်တန်းပဲ"

လုဝေ့ရှီ "မဟုတ်ဘူး မဟုတ်ဘူး အဲ့လိုမျိုး မဟုတ်ဘူး! တကယ် အဲ့လိုမျိုး မဟုတ်ပါဘူးဆိုနေမှ!"

Like Love But Not [ ဘာသာပြန် ]Where stories live. Discover now