30

1.3K 211 13
                                    


{Zawgyi}

[ အကျဉ်းချုပ် : သူ တကယ်သွေားယ်? ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ? ]

•လော့ယွီချန်•

အိမ်က အရမ်းကို အနှစ်သာရကင်းမဲ့နေတယ်။

လူတစ်ကိုယ်လုံး ဝါးမြိုပစ်နိုင်တဲ့ ဧရာမဂူနက်ကြီးတစ်ခုလိုမျိုး လူတွေကို ထိတ်လန့်ပြီး အကူအကယ်မဲ့စွာ ကျန်ခဲ့စေတယ်။

သူထားရစ်ခဲ့တဲ့ပစ္စည်းတွေ၊ ဒီအိမ်မှာကျန်ရှိနေတဲ့ သူ့ရဲ့အရိပ်အယောင်တွေက အရမ်းအရမ်းကို နည်းလွန်းပြီး သူ ဒီမှာ ဘယ်တုန်းကမှ မနေခဲ့ဖူးသလိုတောင် ဖြစ်နေတယ်။

ရှောင်ဟန်းက အမြဲတမ်းဆိုသလို သူ့ပစ္စည်းတွေကို သိပ်ကိုတမြတ်တနိုး ထားတတ်ပြီး သူဒီမှာ ထားရစ်ခဲ့တဲ့ သူမြတ်နိုးတဲ့ပစ္စည်းအနည်းအကျဉ်းကိုလည်း တစ်စမကျန် အားလုံးနီးပါး ကျွန်တော့်ရဲ့လက်တွေနဲ့ ဖျက်ဆီးခဲ့မိတယ်။

ကျွန်တော် ဆက်တိုက် မနားတမ်း သေဆုံးတဲ့အထိ ညှစ်သတ်ခဲ့တဲ့ သူ့ရဲ့အချစ်လိုမျိုးပေါ့။

ကျွန်တော် ဝမ်းနည်းစွာ သိလိုက်ရချိန်မှာ အဲ့တာက ပြာပုံဖြစ်သွားတဲ့အထိ ဖြစ်ညှစ်ခံခဲ့ရပြီးဖြစ်ကာ ကျွန်တော်လည်း အပျက်အစီးပုံတွေကြားမှာ မရမကထိုင်ပြီး အကြွင်းအကျန်လေးတချို့ ပြန်ရလာအုံးမလားဆိုပြီး စောင့်နေခဲ့ပေမယ့် ကျန်ရှိနေတဲ့ အနွေးဓာတ်လေးပါ ဖြေးဖြေးချင်း ပျောက်ကွယ်သွားပြီဆိုတာကို ကျွန်တော့်မျက်လုံးတွေနဲ့ ကိုယ်တိုင်တွေ့လိုက်ရတယ်။

ကျွန်တော် မခံစားနိုင်တော့တဲ့နောက်မှာ လေကောင်းလေသန့်ရှုဖို့ ထွက်လာခဲ့လိုက်တယ်။

မြစ်ကမ်းနံဘေးကတိုက်ခတ်လာတဲ့လေတွေက ကျွန်တော့်မျက်နှာကို လာရိုက်ခတ်ပြီး အတော်လေး နာကျင်ရပေမယ့် အဲ့တာက ကျွန်တော့်ကို သတိပြန်ကပ်လာစေတယ်။

ကျွန်တော့်ကိုယ်ကျွန်တော် အနည်းငယ်နှိပ်စက်နေတဲ့ပုံဖြစ်နေမှန်း သတိထားမိပေမယ့် ပြောင်းလဲချင်စိတ် နည်းနည်းလေးတောင် မရှိဘူး။

Like Love But Not [ ဘာသာပြန် ]Where stories live. Discover now