41

1.3K 158 8
                                    

{Zawgyi}

[ အကျဉ်းချုပ် : မြေခွေးနဲ့ရှာင်လုတို့ယ်ရွယ်ဉ်က ဘယ်လိုယ်ပုံတွေ့ခဲ့ကောင်း ]

•အချပ်ပို : ပင်မနယ်မြေ တိုက်ပွဲ (ယခင်အပိုင်း)•

ဟိုးကြာညောင်းလှပြီဖြစ်တဲ့အချိန်တုန်းက လုဝေ့ရှီလည်း တစ်ချိန်တစ်ခါက ဆယ်ကျော်သက်အရွယ် ပုန်ကန်ထကြွတဲ့အချိန်တစ်ခု ရှိခဲ့တယ်ဆိုတာ လူအနည်းစုလောက်သာ သိခဲ့ကြတယ်။

ဒီလိုခန့်ညားတဲ့ ကပြားလူကြီးလူကောင်း၊ ကြင်နာတတ်ပြီး စိတ်သဘောထားကောင်းတဲ့သူ၊ မကြာခဏ ချိုသာပြီး နွေးထွေးတဲ့အပြုံးတစ်ပွင့်ကို ဆင်မြန်းထားတတ်သူ၊ သူသဘောကျတဲ့တစ်စုံတစ်ယောက်ကို တွေ့လိုက်တယ်ဆိုတာနဲ့ သူ့အမြှီးကို မနားတမ်းယမ်းနေတတ်တဲ့သူ၊ အပြင်ပန်းအသွင်အပြင်က ခမ်းနားထည်ဝါပြီး သူ့ရဲ့အတွင်းထဲမှာတော့ နှစ်လိုဖွယ်ကောင်းတဲ့ နှလုံးသားပိုင်ဆိုင်ထားသူကလည်း တစ်ချိန်က သူ့ရဲ့ငယ်ရွယ်စဉ် နုပျိုတုန်းကာလမှာ သူ့ရဲ့ဟော်မုန်းဓာတ်တွေရဲ့ ထိန်းချုပ်ခြင်းခံရပြီး ကောင်းကင်နဲ့မြေကြီး ဗြမ်းဗြမ်းကွဲအောင် လုပ်ခဲ့ဖူးတယ်။

သူက ဒုက္ခပေးတတ်တဲ့ နတ်ဆိုးလေးတစ်ကောင်ဖြစ်ကာ လူအများကြားမှာ ပေါ်လွင်နေအောင် ဖန်တီးတတ်ပြီး စမ်းသပ်လေ့လာမှုလုပ်နိုင်တဲ့ စိတ်ဓာတ်လေးရယ်၊ သူ့စွမ်းရည်နဲ့ မလိုအပ်တဲ့ စွန့်စားမှုတွေမှာ အထောက်အပံ့ပေးဖို့ အတောမသတ်နိုင်တဲ့ အကြံဉာဏ်တွေရယ်ရှိတယ်။ သူ တက်ရောက်တဲ့ လူချမ်းသာတွေရဲ့ သီးသန့်အလယ်တန်းကျောင်းမှာဆို သူ့ရဲ့မြောက်မြားစွာသော ရုတ်တရက်ဖြစ်ပေါ်လာတဲ့ ကပ်ဘေးတွေက မရေမတွက်နိုင်လောက်အောင်ဘဲဆိုပြီး သူ့ရဲ့ဂုဏ်သတင်းက အတော့်ကို ပြန့်နှံ့နေတာဖြစ်တယ်။

ဒါပေမယ့် သူ့ရဲ့ အင်အားကြီးကာ ဩဇာအရှိန်အဝါရှိတဲ့ ဖခင်ကြီးက ဒါရိုက်တာတွေရဲ့ဘုတ်အဖွဲ့ကို တိုက်ရိုက် ထိန်းချုပ်ထားတာကြောင့် ဘယ်သူမှ သူ့ကို ဘာမှမလုပ်နိုင်ကြဘူး။

အဲ့တာက အာရှလူမျိုး ကျောင်းပြောင်းကျောင်းသားတစ်ယောက် ကျောင်းမှာ ပေါ်မလာခင်အထိပဲ ဖြစ်တယ် _ ဖန်းရှဲ့ယိ။

Like Love But Not [ ဘာသာပြန် ]Where stories live. Discover now